ထိုညက မောင်နဲ့နန်းချစ်ကြည်နူးတစ်တီတူးနေစဥ်..
မောင်လေးဖြစ်သူ ဝဠာမောင် ရောက်လာကာ"ဟျောင့် ဂျင်းသုပ်စားအုံးမလား"
ဆိုပြီးပြောလာသည်။နွေ အစကနားမလည် သူ့ဖုန်းပြတော့ယူကြည့်မိသည်။
နန်းရဲ့ယောက်ျားဆိုပြီးကောင်လေးတစ်ယောက်ကပြောထားခြင်းပင်။
"ဟားဟား...နွားဖြစ်ပြီမလား။ပြောပါတယ် မချစ်နဲ့လို့။ကိုယ့်ဘာကိုယ်တစ်ယောက်ထဲနေတာမဟုတ်ဘူး။အဲ့ကောင်မကလဲဘာလဲ။ငါသွားဆဲပေးရမလား။"
"နေပါစေ။ငါသူ့ကိုယုံတယ်။အဲ့လိုမဟုတ်လောက်ပါဘူးဟာ။သူ့မှာလဲအကြောင်းရှိမှာပေါ့။"
"သေလိုက်လေ ။အဲ့လောက်အ တာလား။"
နွေ နန်းဆီကို အဲ့စာတွေပြပြီး
မေးကြည့်သည်။ သူမကလဲ မငြင်းခဲ့...။"သူကနန်းပြောတဲ့သူလေ။"
သူမခပ်အေးအေးသာပြန်ဖြေခဲ့သည်။"ဟင်"
ဒါဆိုနန်းကိုဖျက်ဆီးသွားတဲ့သူပေါ့။မောင်အဲ့ကောင်ကိုသွားဆဲဖို့လုပ်တော့ ဟိုကောင်က
မောင်လေးကိုနောကျထပ်ပုံတွေပို့လာသည်။နန်းနှင့်ထိုလူ မင်ဂလာဆောင်တုန်းကပုံနှင့် လက်ထက်စာချုပ်ပုံပင်။
ထိုပုံတွေမြင်လိုက်ရချိန်မှာတော့ မောင်ဘာမှမပြောနိုင်တော့ ကြောင်အသွားခဲ့ရသည်။ဘာတွေဖြစ်ကုန်တာလဲ။
"မောင် ငါကြောက်တယ် သူနဲ့ပြန်မနေချင်ဘူး။"
ဒါဖြင့်သူတို့က လက်ထက်ပြီးသားပေါ့။
"သူနဲ့တကယ်လက်ထက်ပြီးတာလား"
"သူငါ့ကိုရိုက်တယ်..."
သူမစကားကြောင့်မောင်ဘာဆက်ပြောရမှန်းကိုမသိတော့။ယောက်ျားတန်မဲ့ကိုယ့်မိန်းမကိုရိုက်တာတော့လွန်တာပေါ့။ခုမောင်ကဘာဆက်လုပ်ရမှာလဲ။ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ကိုယ့်ကိုယ်ကိုယ်ဘဲအပြစ်တင်ရမှာဘဲ သူအပျိုမစစ်တော့ဘူးလို့ပြောပြီးသားဘဲ။ဒါပေမယ့်မောင်ထင်တာကလူငယ်ချင်း မှားခဲ့တယ်လို့ဘဲထင်တာ။ခုလိုအိမ်ထောင်ရှိလိမ့်မယ်လို့လုံးဝမတွေးထားခဲ့တာအမှန်ပါ။မောင်ကံငါးပါးထဲကတစ်ပါးကိုကျူးလွန်လိုက်မိပြီ။
![](https://img.wattpad.com/cover/358046529-288-k94659.jpg)
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...