Part-28

352 6 0
                                    

တစ်လကြာပြီးနောက်...

နန်းအားလုံးကိုစွန့်လွှတ်ပြီးမောင့်ဆီလိုက်လာခဲ့သည်။
မေမေသွေးပူနေတုန်း စောဒကမတက်ခဲ့ပေမယ့်ခုမေမေလဲသွေးအေးသွားခဲ့ပြီ။နန်းကြောင့်နဲ့တော့ကိုယ့်ကိုယ်ကိုယ်သတ်သေရလောက်တဲ့ထိ မိုက်ရူးရဲမဆန်လောက်တော့ဘူးထင်ပါရဲ့။

...

"ကိုထက်.."

အားအင်ကုန်ခမ်းသလိုယိုင်နဲ့စွာအခန်းတွင်းဝင်လာသော နွေ့ကို ကိုထက်တွဲ၍ သူ့အိပ်ရာခုတင်ပေါ်မှာထိုင်စေလိုက်သည်။

"နွေအဆင်ပြေရဲ့လား။"

"ဒီတခါတော့ နန်းနဲ့ တကယ်ဝေးပြီ ထင်ပါရဲ့။"

"ေနွရယ် ဘာဖြစ်လာတာလဲ" 

"ဟင့်!!"

"ကိုယ်ရှိတယ်နော်။ဘာမှစိတ်မပူနဲ့ ကိုယ်တတ်နိုင်သလောက်ကူညီပေးပါ့မယ်။အဆင်ပြေသွားမှာပါ။"

နွေ ကိုထက် ရင်ခွင်ထဲမှာအားရအောင်ငိုချလိုက်သည်။နွေ အတော်လေး ပင်ပန်းနေပါပြီ။

"အဟွတ်!!ဟွတ်"

"နွေအဆင်ပြေရဲ့လား။ဟင် နွေ..သွေး..သွေးတွေ"

"အဟင့် နွေအဆင်ပြေပါတယ်"
နွေရယ်ပြီးပြောနေပေမယ့်..သူမအဆင်မပြေတာ သူသိသည်မို့...

"ဆေးခန်းသွားရအောင်"

"ရတယ်ကိုထက် ဖြစ်နေကျဘဲ။ အရင်ကဆေးလိပ်သောက်ခဲ့တဲ့ဒဏ်..ဘာမှမဖြစ်ဘူး"

"မဟုတ်တာ လာပါဆေးခန်းသွားရအောင်.."

"ဘာမှမထူးတော့ဘူးကိုထက်။ နွေ့မှာမွေးရာပါ နှလုံးရောဂါလဲရှိတယ်။နောက်ပြီး..."

"နောက်ပြီး ဘာဖြစ်လဲ.."

"နွေ ရှင်သန်ဖို့ဘယ်လောက်မှမကျန်တော့ဘူး။"

"အာမဟုတ်ဘူး။အဲ့လိုမဖြစ်ရပါဘူး။နွေကိုကိုယ်ရအောင်ကယ်ပေးမှာ..။အားတင်းထားနော်။"

"နန်း မထားခဲ့ရင်တောင် နွေနန်းဆီကထွက်သွားရတော့မှာ..။"

"မဟုတ်တာနွေရယ်.. ။"

"ကိုထက်...ဘယ်နေ့သေမလဲမသိတဲ့ ခုလိုအခြေအနေမျိုးမှာ နွေတစ်ခုတော့မှာခဲ့ချင်တယ်။တကယ်လို့ လောကကြီးကနေ နွေထွက်သွားခဲ့ရပြီဆိုရင် မနက်ခင်းမှာနွေ နိုးထမလာနိုင်တော့ရင်..ပန်းကလေးကို နေွ့အစားဂရုစိုက်ပေးပါနော်။ပန်းကလေး မငြိုးနွမ်းသွားအောင် အထိခိုက်မရှိအောင်ကာကွယ်ပေးပါ။"

မပိုင်သည့် ပန်း(completed)Where stories live. Discover now