......
သူမတို့ချစ်သူသက်တမ်း တစ်လပြည့်ပြီးနောက်ပိုင်းမှာ အဆင်မပြေမှုတွေများလာခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် မပွင့်လင်းတာကအစ အေးစက်စက်ဆက်ဆံရေးတစ်ခုအဖြစ်ပြောင်းလဲသွားလေသည်။
သူမယောက်ျား လာနောက်ယှက်နေသည်ကိုမောင့်ကိုအသိမပေးဖြစ်ခဲ့ပါ။
သဝန်တိုစိတ်တွေဟာ သံသယအဖြစ်ပြောင်းလဲသွားသော်..မယုံကြည်ဘူးဆိုတဲ့စွပ်စွဲခြင်းကိုခံရလေသည်။
နန်းမှာလဲ အရင်ယောက်ျား ရှိသလို မောင့်မှာလဲ အချစ်ဦး ဆိုတာရှိခဲ့လေသည်။
ပထမဆုံးချစ်ခဲ့ရသူမို့ လွယ်လွယ်နဲ့မေ့ဖျောက်ရန်ခက်သည့်တိုင် မေ့နိုင်အောင်ကြိုးစားခဲ့သော်လည်း နန်းရဲ့မယုံကြည်မှုနဲ့နားလည်မပေးနိုင်မှုကြောင့် ပြဿနာကိုအစပျိုးမိခြင်းပင်။
မောင်ကိုယ်တိုင်သည်လဲ မာနကိုရှေ့တန်းတင်တတ်သူမို့
အမှိုက်ကစ ပြဿဒ်မီးလောင်ဖြစ်ရလေသည်။
....တစ်ညမှာ...
"နန်း"
"အွန်း"
"ဟင်ဘာဖြစ်နေတာလဲ"
"တစ်ယောက်ယောက်ရဲ့Ttကိုကြည့်ပြီးထဲကစိတ်ထဲအဆင်မပြေတော့တာ"
"ဘယ်သူ့Ttလဲ"
"နင့်ex"
"သူနဲ့ဘာဆိုင်လို့လဲ"
"အော် သူ့အကြောင်းပြောတာနဲ့အဲ့လောက်ဖြစ်သွားဖို့လိုလို့လား။"
"ဟမ်မဟုတ်ဘူးလေ မောင်ပြောချင်တာက သူ့Ttကြည့်ရုံနဲ့မောင့်ကိုခုလိုဆက်ဆံဖို့လိုလို့လား။"
"မောင်ဝင်မန့်ထားတာတွေ့လို့လေ"
"ဟင်ဘယ်တုန်းကလဲ"
"ဘယ်သိမလဲ"
"လိုင်းမရတာဖြင့်ကြာနေပြီကို မန့်ထားတာကအရင်ကထင်တယ် ။နန်းနဲ့မတွေ့ခင်က။"
"ဟုတ်လို့လား။"
"ဟုတ်ပါတယ်နန်းရဲ့။"
"ဒါပေမယ့်ဘာလို့သူ့ကိုဆတ်ဆတ်ထိမခံဖြစ်နေရတာလဲ။"
"ဘယ်မှာဖြစ်လို့လဲ။"
"ထားပါ။အိပ်တော့မယ်။"
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romantikနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...