မနက်ရောက်သော်...
နန်း တစ်ချိန်က မောင် ပေးဖူးသည့်လက်ဆောင်လေးတွေကို ထုတ်ကြည့်ဖြစ်သည်။
အရင်ကမောင်ကနန်းကိုသိပ်ချစ်ခဲ့တာ။အခုလဲချစ်နေသေးတယ်ဆိုတာမောင့်မျက်ဝန်းတွေကတစ်ဆင့်သိနိုင်ပေမယ့် မောင်ကနန်းကိုမလိုချင်တော့ဘူး။
သူမတို့နှစ်ဦးတွဲရိုက်ထားသည့်ပုံလေးကို ခွက်မှာ ပုံရိုက်ထားသည်။ထိုဖန်ခွက်လေးကိုတယုတယနှင့်မြတ်မြတ်နိုးနိုး ကြည့်နေစဥ် နန်းအမျိုးသားရောက်လာခဲ့သည်။
"နန်းရှန်ခမ်း!!မင်းကမင်းကောင်ကိုလွမ်းရုံအားမရလို့ ဒီ ကလေးကလားပစ်စည်းတွေကိုပါသိမ်းထားတာပေါ့။
ပေးစမ်းအဲ့ခွက်""ရှင်ဘာလုပ်မလို့လဲ ပြန်ပေးကျွန်မခွက်"
"ဘာလုပ်မလို့လဲဆိုတော့..ဟော့ဒီမှာ.. "
ထိုလူကနန်းမြတ်နိုးရတဲ့ဖန်ခွက်လေးကိုကြမ်းပြင်ပေါ် ပစ်ပေါက်ချလိုက်တာ။ ကြမ်းပြင်ပေါ်မှာအစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတာ ဖန်ခွက်တင်မဟုတ်ဘဲ နန်းနှလုံးသားလေးရယ်ပါ။
"အဲ့မှာအဲ့လိုခွဲတယ်။စောက်တန်ကြေးမရှိတဲ့အရာတွေအိမ်လက်တိတ်တယ်။"
နန်းဒူးထောက်ချကာ ဖန်ကွဲစလေးတွေ စုကောက်မိတော့ နန်းလက်ကလေးရှသွားလေရဲ့
"အ့"
"သေလေအဲ့မှာ။နဲတောင်နဲသေးတယ်။ အလကား စောက်ကဲပိုနေတယ်။ ဖြီး...သုံးစားမရတဲ့အမှိုက်တွေ.."
ထိုလူကမချေမငန်တွေပြောဆိုကာထွက်သွားလေသည်။
"ဟင့်!!မောင်ရေ..နန်းနှလုံးသားလေးတွေလဲ ကွဲကြေ ကုန်ပါပြီ။"
....
ခဏအကြာ မောင်စာပြဖို့ရောက်လာလေသည်။"ကော်ဖီသောက်ပါအုန်း"
"ကျေးဇူးပါ"
နန်းလာချပေးသည့်ကော်ဖီခွက်ကိုလှမ်းကြည့်တော့ ထိုအမျိုးသမီးလက်ကဒဏ်ရာ ကိုမြင်လိုက်မိသည်။စိတ်ထဲနင့်ကနဲြဖစ်သွားပြီး ရင်ထဲတစ်ဆစ်ဆစ်နာကျင်ရသည်။
ဒီအမျိုးသမီး ထိခိုက်တာ မြင်ရင် ကျွန်မကနှစ်ဆပိုနာကျင်ရသည်။
![](https://img.wattpad.com/cover/358046529-288-k94659.jpg)
YOU ARE READING
မပိုင်သည့် ပန်း(completed)
Lãng mạnနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...