...
နန်းနဲ့မောင် စက်ချုပ်ဆိုင်သွားသည့် ခါဆို မောင့်ကိုကုန်းပိုးခိုင်းလေ့ရှိသည် ။ မောင့်ကိုပြန် ကုန်းပိုးရတာကများများပါ။တခြားသူတွေအမြင်ကပ်မကပ်တော့မသိဘူး။ဂရုလဲမစိုက်ပါဘူး။မောင်ကသိပ်ကလေးဆန်တာ။ကလေးလိုကပ်ချွဲတယ်။ဆိုးနွဲ့တယ်။ပုံမှန်ဆို နန်းကဘဲ ဆိုးနေကျ မောင်နဲ့မှ အဆိုးခံနေရတယ်။ဒါပေမယ့်မငြိုငြင်ရက်ပါဘူး သူအဲ့လိုဆိုးနေတာလေးတွေကိုက နန်းမှာ ချစ်နေရတာ။
....
တစ်ရက် သူမတို့နှစ်ဦး ရေပူ သွားဖို့အကြောင်းဖန်လာသည်။
သူမအစ်ကိုတွေ အစ်မတွေကော ဆိုင်ကယ်သုံးစီး
7ယောက်..သူမကcroptopအင်ကျီ အဖြူရောင် အညိုရောင်စတိုင်ပန်နှင့်အပြာရောင်အပေါ်ထပ်လေးကိုဝတ်ဆင်ထားပြီးမောင်သည်လဲ croptopအဝါရောင် အနက်ရောင်ဘောင်းဘီနှင့် အပြာရောင်အပေါ်ထပ်လေးကို သူမနဲ့ဆင်တူဝတ်ဆင်ခဲ့သည်။
ဒီပုံစံနှင့်သူမကသိပ်ကိုကြည့်ကောင်းသည်။
မောင်ရေကူးသင်ထားသော်လည်း လူများတာကြောင့်မကူးရဲခဲ့ပေ။
နန်း ဘောကွင်းစီးနေရင်းအနစ်ထဲ ရောက်သွားသည်မို့အားလုံးက..
ဘယ်ဘက်လက်နဲ့ယှက်လိုက်...ဆိုပြီးပြောသည်။
သို့သော်နန်းကညာဖက်လက်နဲ့ယှက်လိုက်သည်မို့
အားလုံးဝိုင်းရယ်မိကြသည်။မောင်သည်လဲမေအာင့်နိုင်ခဲ့။သူမအမူအယာကတကယ့်ကိုချစ်စရာအတိ။
မောင်သူမကိုတွဲကူကာ ကုန်းပေါ်ရောက်လာတော့..
"ခုထိကိုဘယ်ညာမခွဲတတ်သေးဘူးလားနန်း"
"ယောင်သွားလို့ပါ"
"ဟုတ်ပါပြီ။"
္"စောနက ဟိုကောင်လေ ရုပ်ကိုကဘာရုပ်မှန်းမသိဘူး ငါ့ကိုလာရယ်နေတယ်။"
"ခစ်"သူတင်မဟုတ်ဘူး။ငါပါရယ်မိတယ်။ဒါပေမယ့်ငါရယ်တာကနင့်အမူအရာကချစ်ဖို့ကောင်းလို့နော်"
"ဟွန့်နော်.."
ဒါကသူမနဲ့အတူ ပထမဆုံးထွက်ဖြစ်ခဲ့တဲ့ခရီးတိုလေးတစ်ခုပေါ့။ခရီးရှည်ကိုတော့တစ်နေ့မင်းနဲ့အတူ သေချာပေါက်ထွက်နိုင်အောင်ကြိုးစားမယ်။
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romantizmနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...