Part-18

91 1 0
                                    

ဒီနေ့ဟာမောင်တို့ချစ်သူသက်တမ်း လေးလပြည့်လေးပေါ့။ဒီကြားထဲအဆင်ပြေလိုက် မပြေလိုက်နဲ့ ။

မောင်ဒီညတော့ သူမကိုပြောချင်တာတွေ ပြောဖို့ဆုံးဖြတ်ထားခဲ့သည်။

သူမကအစောကြီးအိပ်နင့်သွားပေမယ့် မောင့်အဖို့ သူမကိုပြောချင်တာတွေကိုစာစီနေခဲ့သည်။

" Happy 4Monthsary ပါနန်းရေ...
အများကြီးချစ်ပါတယ်။အကယ်၍နောက်ဘဝဆိုတာရှိခဲ့ရင် ကိုယ့်အပိုင်အဖြစ်မွေးဖွားလာပေးလို့ရမလား ။ကိုယ်တစ်ဦးတည်းရဲ့အပိုင်အဖြစ်လေ ။တခြားသူအပိုင်ကိုလဲလုမယူချင်ဘူး ။တခြား သူကလုယူတာမျိုးလဲမဖြစ်စေချင်ဘူး ။တစ်စုံတစ်ယောက်နဲ့လဲမျှပြီးမချစ်နိုင်ဘူး ကိုယ့်အတွက်ဆိုပြီးဘဲသီးသန့်ဖြစ်တည်လာပေးလို့ရမလားဟင်☹☹ ။အဲ့ချိန်ကျရင်ဒီထက်ပိုချစ်ပေးပါ့မယ်လို့ကတိပြုပါတယ် ။အခုလဲချစ်ပါတယ်နော်🖤 ။ချစ်ပေးနိုင်သမျှအဆုံးထိချစ်ပေးပါ့မယ် ။ကျန်ရှိနေတဲ့အချိန်ခဏလေးမှာ အကောင်းဆုံးချစ်ပေးပါ့မယ်။
ထားခဲ့ခံရမှာသိပေမယ့်လဲ အနားမှာရှိခွင့်ရသလောက်နေချင်ပါသေးတယ် ။ဂရုစိုက်ပေးချင်သေးတယ် ။မင်းငြိုငြင်သွားမှာစိတ်ပျက်သွားမှာစိုးတယ် တစ်ခုခုစိတ်အလိုမကျရင်ချက်ချင်းပြောပါနော် ။တခြားတစ်ယောက်ကိုရင်ဘတ်ထဲထည့်ထားလဲသူ့ကို ရွေးချယ်ထားလဲ ကိုယ့်ကိုချစ်တယ်လို့ပြောပေးနေတာနဲ့တင် ကျေနပ်ပါတယ် ။မချစ်ဘူးဆိုတဲ့စကားကိုအကယ်၍ ဝေးသွားခဲ့ရင်တောင်မပြောပါနဲ့နော် ။နန်းရဲ့အနာဂတ်မှာကိုယ့်ကိုနေရာမပေးတော့ရင်တောင်
ကိုယ့်ရဲ့အနာဂတ်မှာနန်းရှိနေမှဖြစ်မှ အဲ့တော့ ချစ်သူမဟုတောင်သူငယ်ချင်းတစ်ယောက် အနေနဲ့ နေရာပေးလို့ရမလား။
နန်းနဲ့အတူရှိခွင့်ရတဲ့ တစ်စက်ကန့်ချင်းစီတိုင်းကအမှတ်တရတွေချည်းဘဲမို့ ကိုယ်မေ့သွားရင်နမြောမှာ ။မှတ်ညဏ်အားကောင်းဖို့ဆေးကြိုသောက်ရတော့မယ်ထင်ပါရဲ မင်းအားကိုးထိုက်သူမဟုလို့မရွေးချယ်နိုင်တာနားလည်ပါတယ် မင်းအပေါ်ကလေးဆန်ခဲ့မိတာတွေအတွက်လဲတောင်းပန်ပါတယ် ။အချစ်နဲ့တွေ့ရင်လူတွေကသူငယ်ပြန်ကြတယ်တဲ့ ကိုယ်လဲအဲ့လိုထင်ပါရဲ့။ပြောချင်တာတွေရှိပေမယ့် ပြောမပြနိုင်တော့ဘူး။ချစ်တယ်နော် ။ဒါကိုတော့အမြဲသိထားပေးပါ။ထာဝရချစ်တယ်နော် ။သူပြန်မလာခင်အထိတော့ကိုယ်ကမင်းချစ်သူမို့ ချစ်တာတွေလဲလျော့မသွားဘူး။ ဂရုစိုက်တာတွေလဲပေါ့မသွားဘူး။ အကယ်၍ထွက်သွားခဲ့ရရင်တောင်ကိုယ့်ကိုတစ်ရက်တကြိမ်တော့သတိရပေးနေမယ်မဟုလား။လွမ်းနေပေးမယ်မဟုလား။ချစ်ကောချစ်နေပါ့မလား။"

မပိုင်သည့် ပန်း(completed)Where stories live. Discover now