တစ်ရက်မှာ မောင့်exနှင့်ပြန်ဆက်သွယ်မိခဲ့သည်။
ထိုနေ့ကသိသိသာသာပင်သူမပြောင်းလဲသွားခဲ့သည်။မောင့်ကိုစိတ်ဆိုးပြီးတနေကုန်လဲစကားမပြော..မောင်ကိုယ်တိုင်လဲမချော့ဖြစ်ခဲ့ပါ။
ညနေစောင်းမှာတော့သူမယောက်ျားနဲ့အချိန်အတော်ကြာထိဖုန်းပြောနေခဲ့သည်။
အမှန်ကexကကောင်မလေးရှိကြောင်းလာကြွားတာပါ။
သူမရဲ့ဂရုမစိုက်မှုတွေပြစ်ထားခံရမှုတွေကမခံရက်နိုင်အောင်နာကျင်ရပါတယ်။
ဒေါ်သီရိမြိုင် မနေနိုင်သည့်အဆုံးသမီးဖြစ်သူကိုဆူရသည်။
"နန်းရှန် နင်တို့နှစ်ယောက်ဘာဖြစ်ကြတာလဲ"
"ဘာဖြစ်လို့လဲ။"
"အရင်နေ့တွေကတပူးပူးတတွဲတွဲ ဒီနေ့ ဟိုတစ်ယောက်ကလဲအခန်းထဲကမထွက်ဘူး။နင်ကလဲ နင့်ယောက်ျားနဲ့ပဲဖုန်းပြောနေတယ်။"
"ဘယ်သိမှာလဲသူ့ဘာသူ။"
"သူများသားသမီးကိုအိမ်ခေါ်ထားပြီးအနိုင်သိပ်မကျင့်နဲ့နော်။မပြောချင်လို့ကြည့်နေတာ။အဲ့ကလေးမလေးကိုဆိုနင်အရမ်းနိုင်တယ်။"
"ဘယ်မှာအနိုင်ကျင့်လို့လဲ။"
"ကိုယ့်အကြောင်းကိုယ်သိ။"
....
မသူက..ရောက်လာပြီး။
"နွေအမောင် ထမင်းစားမယ်လေ "
"နန်းရှန်ကော"
"နန်းရှန်ကိုပြောမနေနဲ့။သူကစောနကစားပြီးပြီ။"
"အော် "
"လာခဲ့သွားစားမယ်။"
ကြွေဆင်းလာသည့်မျက်ရည်စတွေကိုမသူ မသိအောင်သုတ်ပြစ်လိုက်သည်။အရင်က မောင်မပါဘဲ နန်းကဘယ်တုန်းကထမင်းစားလို့လဲ။
ငိုမိလောက်တဲ့အထိချစ်ရတယ်။
တခြားသူများပိုင်ဆိုင်သွားရင်
မောင်ဘယ်လိုလုပ်ရပါ့မလဲ
လက်မလွှတ်နိုင်ဘူး။
မပေးလိုက်နိုင်ဘူး။
ချစ်တယ်နန်းရယ်။အိမ်အောက်ရောက်လာတော့ ဒေါ်သီရိမြိုင်က
"သမီး နန်းရှန်နဲ့ဘာဖြစ်ထားကြတာလဲ။သူ့ကိုစိတ်ထဲထားမနေနဲ့နော် သူကအဲ့လိုဘဲအရမ်းဆိုးတာ။"
YOU ARE READING
မပိုင်သည့် ပန်း(completed)
Romanceနန်းရဲ့လိပ်ပြာကလေးရေ.. နန်းထက်ပိုလှပတဲ့ ပန်းကလေးဆီမှာပဲ နားခိုလိုက်ပါ။နန်းကမကြာခင် ခူးယူခံရတော့မှာမို့..။ ##နန်းရှန်ခမ်း မောင့်ပန်းကလေးရေ မင်းထက်အရင် ထွက်ခွာမသွားပါဘူးလို့ ပေးခဲ့တဲ့ကတိကိုတောင် မတည်နိုင်မှတော့ မင်းမုန်းတာဘဲ ခံလိုက်ပါတော့မယ်။ နောက်ဘ...