Part-26

98 1 0
                                    

နန်း ဒီရက်ပိုင်း နေလို့ထိုင်လို့သိပ်မကောင်းတာကြောင့် ဆေးစစ်ကြည့်မိသည်။မောင့်ကိုတော့အသိမပေးဖြစ်ခဲ့။

ဆေးစစ်ချက်အဖြေအရ နန်းဦးခေါင်းမှာပြဿနာရှိနေလေသည်။

အရင်က သူမယောက်ျားရိုက်နက်ခဲ့သည့်ဒဏ်ကြောင့်ဖြစ်ပေလိမ့်မည်။

ထိုအမျိုးသားက နန်းဦးခေါင်းကိုပင်မရှောင်ရိုက်နက်ခဲ့၏။

ထိုအ​ြခင်းအရာကြောင့် နန်းကခုတလော မေ့တတ်လာသည်။အမှတ်တရတွေ အတိတ်တွေ နာမည်တွေ တဖြည်းဖြည်းချင်း မေ့လို့လာခဲ့သည်။

နောက်ဆိုရင် မောင့်ကိုပါမေ့သွားတော့မှာ။

အဲ့ဒီအခါမောင်ခံနိုင်ရည်ရှိပါ့မလား။

ဆရာဝန်တွေက ခွဲစိတ်ဖို့အကြံပေးပေမယ့် ခွဲစိတ်မှုအောင်မြင်သွားရင်တောင် မှတ်ဉာဏ်တွေဆုံးရှုံးနိုင်ချေရှိတယ်တဲ့။

ကျွန်မအသက်ရှင်နေသရွေ့တော့ မောင့်ကိုမမေ့ချင်ဘူး။မောင့်ကိုမေ့သည့်နေ့ကလဲ ကျွန်မအသက်ရှူရပ်တဲ့နေ့ဘဲဖြစ်ချင်တယ်။

ခေါင်းမာစွာပင် နန်းခွဲစိတ်မှုမလုပ်ခဲ့ပါ။မောင်သည်လဲဘာမှမသိရ။နန်းမေ့တတ်လာတာသတိထားမိပေမယ့် ဖြစ်တတ်ပါတယ်ဆိုတဲ့နန်းစကားကြောင့် ဆေးခန်းပြဖို့ မောင်အတင်း မတိုက်တွန်းခဲ့။

မောင့်ကိုမေ့သွားမှာဆိုးလို့ မောင့်အကြောင်းကိုမှတ်စုလေးထဲရေးပြ​ီး နေ့တိုင်းဖတ်ဖြစ်သည်။ တခါတလေထိုစာလေးဖတ်ဖို့တောင်မေ့နေတတ်လို့ မောင့်ကိုအကူညီတောင်းထားရသည်။ စာဖတ်ဖို့ပေါ့။ဘာစာလဲဆိုပြီး မောင်စောဒကတတ်ပြီးမမေးခဲ့သလို မေးလာရင်လဲနန်းမဖြေတတ်ပါ။

.....
တစ်ရက်မှာ...

"ဟဲလို"

"ကျွန်မဒေါ်လင်းလတ်ဖြူပါ"

"ဟုတ်ကဲ့ မောင့်တီချယ်မဟုတ်လား"

"ဟုတ်ပါတယ်။"

"ဘာကိစ်စရှိလို့လဲမသိဘူး"

"သိချင်ရင် ကိုယ်တိုင်လာကြည့်လိုက်လေ။ကျွန်မလိပ်စာတစ်ခုပေးမယ်"

"ဟုတ်ကဲ့"

ကျွန်မစိတ်ထဲဇဝေဇဝါ မောင့်တီချယ်က ဘာကြောင့်နန်းကိုခေါ်ရတာလဲ။

မပိုင်သည့် ပန်း(completed)Where stories live. Discover now