-4-

1K 140 17
                                    

-Unicode-

"တစ်ကောင်မှအသုံးမကျကြဘူး !! သွား !!! ထွက်သွားကြစမ်း !!!"

*ဝုန်းး!*

ဘုရင့်ညီတော်စိုးစံရတဲ့ စေတန်နန်းဆောင်ကြီးရဲ့တစ်စိတ်တစ်ပိုင်း။
ဝိညာဉ်ဆိုးတွေမွေးမြူထားသောလျှိုဝှက်နေရာလို့ဆိုတဲ့အတိုင်း နေရောင်ဖျဖျပင်ဝင်မရအောင် မဲမှောင်နေကာ အားမလိုအားမရမာန်ပါပါအော်ဟစ်လိုက်သည့်ဦးရီးတော်ရဲ့ အမျက်တွေသည် စားပွဲရှည်ကြီးထံကျရောက်သွားသည်။ စားပွဲပေါ်က ဆေးရည်ပုလင်းကျကွဲသံတွေညံသွားတဲ့အခါ အလျိုလျိုပြေးထွက်သွားကြတဲ့ အနက်ရောင်အငွေ့အသက်တွေကလည်း သူတို့အန္တရာယ်ကိုသိသည့်အလား။

အနက်ရောင်ဝတ်ရုံရှည်ဖရိုဖရဲဖြင့် အိန္ဒြေမဆယ်နိုင်တဲ့ သွေးရူးတန်းပုံစံဟာ အရှိန်အဝါတွေမဲ့ပြုံးတွေနဲ့ဦးရီးတော်လိုလူနဲ့နည်းနည်းမှ မလိုက်မဖက်ပင်မဲ့ စဥ်းစားမရစုံစမ်းမရတဲ့အခြေအနေမှာ သူနည်းနည်းမှဟန်ဆောင်ပြီးတောင်အဆင်ပြေမပြနိုင်တဲ့အခြေအနေ။

လွန်ခဲ့တဲ့ရက်ကဝိညာဉ်မိစ္ဆာတွေအကြောင်းရင်းမဲ့ နာနာကျင်ကျင်ထအော်ဟစ်ကြတာ သာမာန်မဟုတ်နိုင်သလို အနားကပ်မရအောင် မီးခဲတမျှပူကျစ်တောက်နေတဲ့ ပုလ္လင်ရဲ့အကြောင်းအရင်းကလည်းအဖြေထုတ်မရဖြစ်နေပေမဲ့ အလောင်းရောဝိညာဉ်စရော ပျောက်နေတဲ့အိမ်ရှေ့စံနဲ့ အပြည့်အဝသက်ဆိုင်နေတာ အတိအကျသိနေသည်။

"ကင်မ်ထယ်ယောင်း..ကင်မ် ထယ် ယောင်း လျော့တွက်လို့မရဘူးပဲ ဟားးး ဘာမှမဟုတ်တဲ့ လပိုင်းသာသာကောင်က ငါ့ကိုဖြိုချနိုင်မယ်ထင်နေလား ! "

ဟားတိုက်ကာ အူလှိုက်သဲလှိုက်လှောင်ရယ်သွမ်းပစ်နေတဲ့အသံလှိုင်းက အာဏာအပေါ်ရူးသွပ်ခြင်းတွေကြောင့် အတန်ငယ်တုန်ရီနေမှုဟာ ဖုံးမရအောင်နန်းဆောင်ထဲကနေ လှိုင်တက်နေခဲ့သည်။ ဟေရိုလာပြည်ရဲ့အနာဂတ်နဲ့ ပင်မအသက်သွေးကြောတွေကို ချုပ်ကိုင်မဲ့နေရာက ငါအတွက်ဖြစ်တည်နေတာ ကျိန်းသေ ငါ့အတွက်။

ဝတ်ရုံကိုမာန်ပါပါတစ်ချက်ခါချပစ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ပစ်ကာ စိတ်လျော့ချပစ်လိုက်ပြီးတဲ့နောက်မှာ ထိုလျှိုဝှက်နေရာမှနန်းဆောင်ထဲသို့ ဦးရီးတော်တစ်ယောက်ရဲ့ဟိတ်ဟန်အပြည့်ဖြင့် ထွက်ခွာသွားသည်နှင့် လျှိုဝှက်တံခါးဟာပိတ်သွားခဲ့သည်။ နန်းဆောင်ထဲရောက်သည်နှင့် စာရေးစားပွဲပုလေး၌ ဝင်ထိုင်ကာ စုတ်တံကိုကောက်ကိုင်ပြီး နန်းတွင်းမှာသာသုံးခွင့်ရှိတဲ့ ဖြူဆွတ်ဆွတ်စာရွက်ပေါ် ချရေးသွားတဲ့စကားလုံးတွေနှင့် တစ်ဖက်တည်းကော့တက်သွားသော နှုတ်ခမ်းထောင့်စွန်းတွေဟာ အကြံအစည်တစ်ခု အကောင်ထည်ဖော်နေကြောင်း သက်သေခံပေးနေသလို။ ဆိုလိုရင်းတွေအား ချရေးပြီးဆုံးသွားတဲ့ စာရွက် 2 ရွက်အား တစ်ချက်ကြည့်ကာ ကျေနပ်ပြုံးဟာလှလှပပ။ စာအားသေချာလိပ်ပြီး နန်းဆောင်ပြင်မှ လူယုံတော်အားဆင့်ခေါ်လိုက်သည်။

နာမ် / Complete /Where stories live. Discover now