-Unicode-
မနက်ခင်းမှိုင်းပျပျနှင်းမှုန်တွေအောက် နန်းတော်တစ်ခုလုံး လက်ဆတ်ပွဲရဲ့အပြင်အဆင်တွေဖြင့် ပုံမှန်ထက်ပို၍ခမ်းနားကာနေသည်။
မင်္ဂလာပွဲတက်လာကြတဲ့ပြည်သူတွေလည်း အလျိုလျိုဖြင့် စည်စည်ကားကားတွေဘဲ။
လတ်ဆတ်ကြမယ့်နေရာက ညီလာခံကြီးထဲမှာဖြစ်တာကြောင့် ညီလာခံနန်းဆောင်ရဲ့ အပြင်အဆင်သည် တခြားသောနေရာတွေထက် ပိုသာနေသည်။ ကြီးမားတဲ့မီးဆိုင်းကြီးတွေ
ဗိသုကာသိပ်မြှောက်တဲ့ ခမ်းခမ်းနားနားတိုင်လုံးကြီးတွေမှာ လက်ဆတ်ပွဲရဲ့သင်္ကေတကိုကိုယ်စားပြုထားတဲ့ အနီရောင်ပိတ်စတွေနဲ့အဖြူရောင်ပန်းခက်တွေဖြင့် သေချာအလှဆင်ထားသည်။ပွဲမစခင်အချိန်ပေမို့ ကချေသည်မိန်းမလှလေးတွေကလည်း တီးဆတ်နေကြတဲ့သံစဥ်နောက်ကိုလိုက်ကာ ပျော့ပျော့ပြောင်းပြောင်းအကတွေဖြင့် ပွဲတက်လာကြသူတွေကိုဧည့်ခံနေသည်။
သခင်လေးဂျောင်ဟိုဆော့ သခင်လေးမင်ယွန်းဂီနဲ့ ရှီအန်းသခင်လေးပတ်ခ်ဂျီမင်တို့လည်း ဧကရာဇ်အမိန့်နဲ့အတူ ခန်းမထဲ ရှိနေ၏။ လီဟေရှင်းနဲ့အမတ်တွေမှာ အကောင်းဆုံးအလှဆုံးတွေဝတ်စားဆင်ယင်ထားကြရင်း ထူးခြားလွန်းစွာ အပြုံးတွေနဲ့ ညီလာခံခန်းမထဲရှိနေကြသည်။"ကျွန်မမှာထားတာ မမေ့ပါနဲ့"
တော်ဝင်ယဥ်ကျေးမှုအမတ်အနားတိုးကပ်သွားတဲ့ လီဟေရှင်းက မိဖုရားခေါင်တစ်ပါးရဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေနှင့်အစွမ်းကုန်လှပြနေကာ
သူမသည်ဧကရာဇ်ရဲ့အပယ်ခံမဟုတ်ကြောင်းကို ပြည်သူတွေအား ထိုနည်းတွေနဲ့ဖော်ပြနေတာ။ လက်တွေ့မှာဟုတ်သည်ဖြစ်စေ မဟုတ်နေသည်ဖြစ်စေ သူမကိုကဲ့ရဲ့လာမဲ့ အဆင့်မရှိသူတွေဆီကစကားလုံးတွေကို နည်းနည်းမှမလိုချင်ဘူး။"စိတ်ချပါ ကြင်ရာတော်"
တော်ဝင်ယဥ်ကျေးမှုအမတ်ဂွမ်ဇိုသည် လီဟေရှင်းဘေးကနေ တဖြည်းဖြည်းထွက်ခွာလာခဲ့သည်။
စောသေးတဲ့အချိန်မို့ လက်ဆတ်ခြင်းအတွက်လိုအပ်တဲ့ပစ္စည်းပစ္စယျတွေကို ပြင်ဆင်နေကြဆဲအဆောင်ငယ်လေးထံ ဝင်သွားသည်။"လူကြီးမင်းဂွမ်ဇို.."
သူဝင်လာတာနဲ့ အစေခံလေးတွေက ပြင်ဆင်နေဆဲတွေအားချကာ မတ်တပ်ထရပ်ပြီး ဦးညွှတ်လာကြသည်။
ဂွမ်ဇိုရဲ့မျက်ဝန်းတွေက အစေခံတွေဆီရှိမနေခဲ့ဘူး။ မင်္ဂလာသေရည်ရှိရာ လင်ဗန်းကိုသာဝေ့ဝဲရှာရင်း အလုပ်တွေရှုပ်နေသည်။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook