-Unicode-
အပြင်မှာတစ်ဖွဲဖွဲကျနေတဲ့နှင်းမှုန်တွေနဲ့အပြိုင်
ရွက်ဖျက်တဲထဲကဧကရာဇ် မီးဖိုတွေရဲ့ယောင်ပြန်ဟပ်မှုတွေအောက် သူ၏ချစ်ခြင်းမေတ္တာတရားလေးကို တစ်စိမ့်စိမ့်တွေထိုင်ကြည့်ရင်း မျက်ရည်ကျလိုက်သုတ်ပစ်လိုက် ရေးရေးလေးပြုံးနေလိုက်ဖြင့် ညအမှောင်ထုတွေကျော်လွန်ကာ မနက်ရောက်တဲ့အထိ သူ့မှာတသိမ့်သိမ့်တွေ။
လာမဝေဖန်ကြနဲ့..ကိုယ်ဘက်ကတခမ်းတနားတွေချစ်ပစ်နေရတဲ့ လူသားနဲ့ပေါင်းစည်းခြင်းကြောင့် အကောင်ပေါက်ကလေးဖြစ်တည်လာနိုင်မှ ဒီဘုရင်မိစ္ဆာအရူးကို ကိုယ်ချင်းစာနိုင်လိမ့်မယ်။အေးခဲမှုတွေမခံစားရတော့ဘဲ
အနွေးဓာတ်ကို သိသိသာသာခံစားနေရသည်။ မျက်လုံးတွေခပ်ဖြည်းဖြည်းဖွင့်လာခြင်းဖြင့် အရှင့်ဂျွန်သည် မနက်အစောပိုင်းသတိရလာခဲ့ပြီ။ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကိုခပ်အေးအေးငေးစိုက်နေခဲ့တဲ့ အရှင့်ကို..။
"ကင်မ်ထယ်ယောင်း.."
ဂျွန် ထိုနာမ်လေးကိုခပ်ဖွဖွခေါ်ရင်း ဖြည်းညင်းစွာထထိုင်လာသည်။
အရှင်ကအတွေးမျက်ဝန်းတွေနဲ့ မျက်တောင်တစ်ချက်မခတ် အကြည့်တစ်ချက်မလွှဲခြင်းတွေနဲ့ မျက်နှာလေးကို စေ့စေ့တွေကြည့်ရင်းနဲ့မှ ဂျွန့်လက်တွေဆုပ်ကိုင်လာသည်။"ဂျွန်..ကျုပ်တို့လက်ထပ်ကြမယ်နော်။
အခုဘဲမြို့တော်ပြန်ပြီးလက်ထပ်ကြမလား..မဖြစ်သေးဘူး ဂျွန်ကအခုမှနိုးလာတာ ဇွတ်လုပ်မိရင် ထပ်ထိခိုက်ကုန်မှဖြင့်..။
ဒါပေမယ့် ကျုပ်ထပ်မစောင့်ချင်ပြန်ဘူး ကျုပ်ဘာလုပ်သင့်သလဲ ""အရှင်..စိတ်အေးအေးထားပါဦး"
တရစပ်ဆိုတဲ့အရှင့်စကားတွေက
ပါးပြင်ကိုအုပ်ကိုင်လာတဲ့ လက်ဖဝါးတွေအောက် ခပ်အေးအေးစကားဆိုသံတွေအောက် ငြိမ်သက်ကာပြားပြားဝပ်ဘဲ။
စိတ်အေးအေးထားဆိုတော့လည်း အသက်ဝဝရှူကာ ရင်ခွင်လေးထဲခေါင်းတိုးဝင်ခဲ့သည်။
ဂျွန်ကအလိုက်သင့်ကလေးပင် ပွေ့ဖက်ပေးသည်။ လိမ့်လွမ်းခဲ့ခြင်းတွေကို ဒီလိုလေးဖြေလျော့လိုက်သည်။
သွေးအေးလွန်းတာထက်ပိုစွာ သတ်ဖြတ်ခဲ့တာတွေ အရက်စက်ဆုံးဗျူဟာတွေကို ရေးဆွဲခဲ့တာတွေက သူနဲ့လားလားမှမသက်ဆိုင်တော့တဲ့သဏ္ဌာန်ဖြင့် ဒီသမားတော်ရဲ့အရှေ့တော်မှောက်ရောက်ရင် အစွယ်တွေသိမ်းထားတဲ့ ကျားတစ်ကောင်လိုငြိမ်ဝပ်ပိပြားခြင်းတွေနဲ့ ခစားသည်။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook