EPISODE - 37

476 63 12
                                    

-Unicode-

ရွက်ဖျက်တဲထဲ အဆုံးသတ်ပြီးဆုံးသွားတဲ့ ခဲပန်းချီစာရွက်လေးကိုကိုင်ကာ ဧကရာဇ်မတ်တပ်ထရပ်ရင်း သစ်သီးတချို့နဲ့သေရည်တွေရှိရာစားပွဲဆီသွားကာ ခွက်ထဲအပြင်းဆုံးသေရည်ကို လျှံပယ်နေအောင် ထည့်ပြီး မော့ချပစ်လိုက်သည်။
ယစ်မူးစရာကို ယစ်မူးခြင်းတွေနဲ့ဖြေပစ်သည်။
အလွမ်းဆိပ်ကိုအအေးဓာတ်လောင်းပြီး အားကျိုးခနဲတွေဖြင့်အားရပါးရကို အဆိပ်တက်ပစ်နေခြင်းက ဂျွန်ဂျောင်ဂုကိုကလွဲရင် ဘာကိုမှမမြင်ချင်လောက်အောင်အထိ ဒီနေ့မှပြင်းပြင်းထန်ထန်တွေ။
နန်းတွင်းသုံးသေရည်ခွက်လှလှက မြေပြင်ထက် ပစ်ပေါက်ခံလိုက်ရလေပြီ..အကြည့်တွေတော့ လက်ထဲကခဲပန်းချီထံကနေမခွာနိုင်တွေဖြင့် ဒီဧကရာဇ် ရွက်ဖျက်တဲထဲ ပိတ်လှောင်ရင်းရူးပစ်နေသည်။

သူလေးဘက်က လက်မထပ်ချင်နေရင်လည်း ချစ်နေသည်။
သူလေးဘက်က မချစ်နေရင်လည်း လွမ်းနေရသည်။
ဂျွန်သည် မထင်ပါဘူး ဆိုခဲ့ပြီးမှ ဒီမိစ္ဆာရဲ့ချစ်ခြင်းကို သွေးသားဆန္ဒတွေလို့များ သတ်မှတ်ထားခဲ့တာကြောင့် အဲ့နေ့ကအဲ့လိုတွေပြုမူနေခဲ့တာလား..
အတွေးစဟာ ရိုးရှင်းမလာတော့ခြင်းမှာ ခေါင်းကမခံမရက်နိုင်အောင် ကိုက်ခဲလာသည်။
လက်ထဲကစာရွက်လေးကို လွတ်ကျသွားပြီး ခေါင်းထံအားသုံးဖိကိုင်ပစ်ကာ မခံမရက်နိုင်တွေဘဲ။
အဲ့တာကြောင့်..အဲ့တာကြောင့်လက်မထပ်ချင်တာနေမှာ။
ဒါမှမဟုတ်ရင် အရင်ကကိစ္စတွေအပေါ် ဒီကောင့်ကိုမုန်းနေတုန်းမို့ အသံတိတ်ငြင်းဆန်နေခဲ့တာများလား..ထွက်သွားဦးမှာမို့ လက်ထပ်ခြင်းနှောင်ကြိုးကို အချည်မခံနိုင်တာလား။
ဂျွန်ဂျောင်ဂုက အဖြေမျိုးမျိုးထွက်စေတဲ့ထူးထူးဆန်းဆန်း နာနာကျင်ကျင်ပုစ္ဆာကလေးဘဲ။

မျက်ဆံတွေနီရဲ လာခဲ့ပြီး ဒီရက်တွေထဲ အလှဆုံးတွေအသိမ်မွေ့ဆုံးတွေခံစားခဲ့ရတဲ့ နှလုံးသားက နာကျင်မှုကိုတစ်စတစ်စနဲ့ ပြန်ထိတွေ့လာနေရသည်။

ဆောင်းက ဒဏ်ရာကိုပိုနာအောင် ပံ့ပိုးပေးတာမို့ မနာကျင်ချင်လို့မေ့မေ့ပျောက်ပျောက်ထားခဲ့ရက်သား ကိုယ့်အနာကိုယ်ပြန်ဆွတဲ့ ဒီမိစ္ဆာကသိပ်မိုက်လုံးကြီးတယ်မဟုတ်လားဂျွန်။
ဒီမိစ္ဆာခင်ဗျားစိတ်နဲ့ ရူးနေချိန်ခင်ဗျားဘာလုပ်နေသလဲဂျွန်..ထွက်ပြေးသွားပြီလား..ဒီကောင့်လောင်းရိပ်ကလွတ်နေလို့ ပိုပြီးများပြုံးပျော်နေမလား။

နာမ် / Complete /Where stories live. Discover now