-Unicode-
"ကျွန်တော်ခေါ်သွားမယ်..ကျွန်တော်အေးအောင်လုပ်ပေးပါ့မယ် မငိုလိုက်ပါနဲ့"
အပူငွေ့တထောင်းထောင်းထွက်နေဆဲ ခန္ဓာငယ်ကိုကောက်ပွေ့လိုက်သည်။ ပေါက်ထွက်ချင်တဲ့ဒေါသတရားကိုထိန်းချုပ်ထားရတာမို့ အသံတွေကတုန်နေခဲ့သည်။ ဂျွန်ဂျောင်ဂုကအရေးကြီးနေသည် ဒီအစေခံတွေကိုလည်းတစ်ခုခုမလုပ်ရမချင်း စိတ်ကျေနပ်နေရမှာမဟုတ်..ဗြာများနေရသည်။
"မင်းတို့ စားဖိုဆောင်နောက်က ကျောက်စရစ်လမ်းမှာ အကုန် ဒူးထောက်ထား !! ငါ့အမိန့်မရဘဲနေရာရွေ့ရင် သေပြီသာမှတ် !!"
မာမာထန်ထန်တွေအမိန့်ပေးပြီး အရူးတစ်ပိုင်းပဲ အိပ်ဆောင်ဆီအပြေးအလွှားတွေ။ ရေချိုးဆောင်ထဲကူးဝင်ပြီး ရေစည်ထဲ အေးစက်စက်ရေတွေထည့်ပြီးတာနဲ့ ဝတ်ရုံစတွေကိုဖြည်ပေးနေခဲ့တဲ့ ကျွန်တော့်လက်တွေဟာ တုန်ရီနေဆဲ။ တဖြည်းဖြည်းပေါ်လာတဲ့ မမြင်အပ်တဲ့ အသားနုနုလေးတွေပါနီရဲတောက်နေခဲ့ခြင်း။ အပူလောင်ဒဏ်တွေကြောင့် အသံတိတ်ငိုကြွေးနေတဲ့ ပုံရိပ်လေးကလည်း နာနာကျင်ကျင်တွေ..အသက်ရှူသံတွေပါ ထိန်းမရအောင်ဖရိုဖရဲဖြစ်လာသည်။
"ရူးတော့မှာပဲကွာ ! အများကြီးထိထားတာ !!"
"ပူ..ပူလွန်းတယ် အင့် စပ်လည်းစပ်တယ်"
"အပူသက်သာအောင် ရေ..ရေအရင်ဆေးချရအောင်နော် ဂျွန်"
ရင်ဘတ်တွေတစ်လျှောက် လက်ဖျံတွေ ပေါင်တံတွေ ခြေသလုံးတွေ အကုန်အကုန်ရစရာမရှိအောင်ကို ရဲပတောင်းခတ်နေတာကို ကြည့်ရင်း ဘယ်ကနေရေစလောင်းလို့ လောင်းရမှန်းမသိအောင်ကို ထူထူပူပူ။ ရင်တွေသိပ်မောသည်။ ရေဆေးချပေးရင်း နာကျင်သံလေးထွက်လာရင် ကျွန်တော်ကမ္ဘာတွေပျက်နေကြောင်း အော်ဟစ်ချင်လာသည်။ အလုံးစုံ ရေလုံလောက်အောင်ဆေးပေးပြီးတဲ့အခါ တပတ်တောင်ရဲရဲမခြုံပေးရဲဘဲ အိပ်ဆောင်ထဲပြန်ခေါ်လာရသည်။
ကုတင်ပေါ်အသာအယာတင်ထားပြီး အပူလောင်တာတွေအတွက် အကောင်းဆုံးလိမ်းဆေးကိုရှာရမည်။ အံ့ဆွဲတွေတစ်ခုပြီးတစ်ခုဆွဲဖွင့်ရင်း ကျွန်တော်ဟာစိတ်တွေရှည်မနေခဲ့။ ဆေးတွေ့တဲ့အခါ အိပ်ဆောင်ပြတင်းပေါက်တွေကို စစ်ဆေးရပြန်သည်။ အလှတရားလေးဟာ ဖရိုဖရဲလေးမို့ ကျွန်တော်တွန့်တိုပါရစေ။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook