-Unicode-
အင်အားကုန် တစ်ဟုန်ထိုးတိုးတက်နေတဲ့
ဟေရိုလာကင်မ်တိုင်းပြည်ရဲ့ မြောက်ပိုင်းသည် စစ်မပြီးပြတ်သေးရာဒေသဖြစ်သည်။
ကျူးကျော်စစ်အတွက် ခုခံနေကြဆဲဖြစ်ကာ တိုင်းပြည်နယ်စပ်သည် ရာသီစက်ဝန်းတစ်ခုလုံး သွေးချောင်းစီးနေရမြဲ။
ဧကရာဇ်က ဘယ်လိုမှမစီမံပေးဘူးလား မေးရင် စီမံခဲ့တာပေါ့..အကောင်းဆုံးစစ်ဗျူဟာတွေ အကောင်းဆုံးလက်နက်တွေ အကောင်းဆုံးမြင်းတွေနဲ့ ရိက္ခာအလျှံအပယ်တွေကို သေချာစီမံခဲ့တာ။
တစ်ဖက်ကရန်သူ့တပ်ကိုအလွယ်လေး ချေမှုန်းပစ်နိုင်တဲ့အထိ ဧကရာဇ်ရဲ့ဗျူဟာနဲ့ လက်နက်တွေသည် သာမာန်လူလိုက်မမှီနိုင်တဲ့အဆင့်မှာချည်း။ ဒါဆိုဘာကြောင့် မပြီးဆုံးသေးတာလဲ...
ပြဿနာသည်အတွင်း လောက်ကောင်တွေရှိနေခြင်းကြောင့်။ဗင်ရိုမြို့မှာတပ်စွဲပြီး မြောက်ပိုင်းနယ်စပ်ကို ဦးဆောင်ကာကွယ်နေသူသည် ကြင်ရာတော်လီဟေရှင်းရဲ့ အဖေဖြစ်သူ သေနာပတိလူကြီးမင်းလီ။
ဧကရာဇ်ထောက်ပံ့တဲ့ အရည်အသွေးမြင့်လက်နက်တွေရဲ့ သုံးပုံတစ်ပုံကိုသာ စစ်အတွက်သုံးပြီး ကျန်နှစ်ပုံကိုလက်ဝါးကြီးအုပ်ထားသည်။ တစ်ပုံကို ရန်သူ့တပ်ဘက် ဈေးကြီးကြီးနဲ့မှောင်ခိုရောင်းစားပြီး ကျန်တစ်ပုံကို တိတ်တဆိတ်သိုလှောင်ထားသည်။
မြို့တော်က ပို့လာတဲ့ရိက္ခာတွေကို အရည်အသွေးနိမ့်တဲ့ဆန်ကြမ်းတွေနဲ့ လှဲလှယ်ပစ်လိုက်ခြင်းတွေကြောင့် ဗျူဟာက ဘယ်လောက်ကောင်းကောင်း စစ်သည်တွေက ခုခံနိုင်ရုံသာအင်အားရှိပြီး ထိုးဖောက်အနိုင်ယူနိုင်ဖို့မစွမ်းသာနိုင်ဖြစ်နေကြသည်။
မြောက်ပိုင်းမငြိမ်းချမ်းနိုင်ရတဲ့ အကြောင်းအရင်းတွေနောက်မှာ လီအိမ်တော်ကကြီးကြီးမားမားရှိနေခဲ့ပါသည်။ လီအိမ်တော်ရဲ့တစ်ဦးတည်းသော သခင်မလေးလီဟေရှင်းက ဧကရာဇ်ရဲ့ကြင်ရာတော်ရာထူးကို ရောက်သွားတဲ့အခါ အတင့်ရဲလာမှုတွေက ပိုပိုသိသိသာသာ။
ဒီလိုအရေးတွေကြိုမြင်လို့ လီဟေရှင်းနဲ့လက်ဆတ်မယ်ကြားတော့ သခင်လေးမင်ယွန်းဂီသည် အရှင့်ကို ဝင်သတိပေးလာခြင်းသည် မှားခဲ့တာတော့မဟုတ်။"ကျွန်တော်တို့လုပ်နေတာတွေ ဧကရာဇ်ရိပ်စားမိနေတယ်သေနာပတိလီ။ ညီလာခံမှာသံသယဝင်စပြုနေပြီ"

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook