-11-

695 85 9
                                    

-Unicode-

မထိရက် မကိုင်ရက် မြတ်နိုးခြင်းတွေရဲ့အလွန်မှာ အတားအဆီးမဲ့ စွဲလမ်းနေခြင်းတွေရှိတယ်။ အထိန်းအကွပ်မဲ့သွားတဲ့အခါ ထိလိုက်ရင်တောင်နာသွားမလား တုန်တုန်လှုပ်လှုပ်စိတ်ကလေးကနေ အနားရှိဖို့ဘာပဲလုပ်ရလုပ်ရ မတွန့်ဆုတ်တော့တဲ့အထိ သွေးအေးအေးတွေပြောင်းလဲသွားနိုင်တယ်။ အဲ့ဒီလူရဲ့မတည်မြဲခြင်းတွေအပေါ်လိုက်ပြီး ပြောင်းလဲနေခဲ့ရတဲ့စိတ်တွေကသိပ်အရောင်စုံနေသည်။ အရောင်တွေသိပ်လှသည်။

ကင်မ်ထယ်ယောင်းကပြောင်းလဲသွားလိုက်တာ လို့မပြောကြစမ်းနဲ့ ဂျွန်ဂျောင်ဂုကမလိမ္မာလို့ပြောင်းလဲလိုက်ရတာ..သူလေးက ချော့လို့မရအောင် ဆိုးသွမ်းလာတဲ့အခါ ကျွန်တော်ဟာ အစွန်းဆုံးထိရူးနှမ်းစွာမိုက်ရဲကြောင်း သူလေးသိအောင် တစ်ဖက်ခြမ်းကအစွယ်တွေထုတ်ပြရတာ။ သူသာလိမ္မာရင် ကျွန်တော်ဟာ မထိရက်စွာငေးရင်းရူးနေမဲ့ကောင်ပါ။

နာမ်တစ်ခုကို အဓိပ္ပါယ်လှတဲ့ဝါကျတစ်ကြောင်းပေါ် တင်ပေးခဲ့တဲ့ ဖြစ်တည်မှုလေးမို့ သူနဲ့ပတ်သက်သမျှဟာ သိပ်လှလိုက်လေခြင်းတွေ။ ထူးဆန်းတဲ့နှစ်လိုဖွယ် ခံစားချက်လှလှတွေကို ခံစားစေတယ်။ ငေးကြည့်တတ်အောင်သင်ပေးတယ်။ မြတ်နိုးခြင်းတွေအကြောင်း နဖူးတွေ့ဒူးတွေ့ ဘဝရဲ့အရသာအစုံကိုခံစားစေခဲ့တဲ့ဒီသက်ရှိက အခုလည်း အတ္တဆိုတဲ့ နယ်ပယ်ထဲ ကျုပ်ကိုဝင်ခိုင်းခဲ့ပြန်သည်။

လွန်ကြိုးအကြီးကြီးတွေနဲ့ အတုတ်နှောင်ခံရင်း ရုန်းကန်ကာ မကျေမချမ်းစူးကြည့်လာတဲ့ မျက်အိမ်တွေအပေါ် ထွေထွေထူးထူးခံစားပြီးရူးမနေခဲ့။ ကြိုးရဲ့ကြမ်းတမ်းမှုကြောင့် လက်ကောက်ဝတ်တွေရဲပတောင်းခတ်သွားမှာကို သိနေရင်းနဲ့ ကျေနပ်နေခဲ့တဲ့စိတ်။ အနာခံရုန်းကန်ပြီးတော့ကို အဝေးကိုပျံသန်းသွားချင်နေမှတော့ အတောင်တွေချုပ်လိုက်မဲ့ ကျွန်တော်ဟာမမှားဘူး။ အော်ဟစ်ဆဲဆိုနေတဲ့အသံသေးသေးလေးတွေက ခပ်ညံညံရယ်။ သူ့လိုတော်ဝင်အိမ်ရှေ့စံတစ်ပါးကို ရဲမက်တွေကြားကနေ ဆဲဆိုရဲတာတော်ရုံသတ္တိနဲ့တော့မရ..ဒါပေမယ့်လည်း ဂျွန်ဂျောင်ဂုအသံဖြစ်နေခဲ့လို့ သိပ်နားဝင်ချိုလှသည်။

နာမ် / Complete /Where stories live. Discover now