-9-

706 79 1
                                    

-Unicode-

လူ့လောကသေမျိုးဘုံရောက်လာခြင်းမှာ တာဝန်တွေရှိသည်။ နောက်ခံမူလဇာတ်မြစ်ဖုံးကွယ်ထားရခြင်းတွေမှာ အကြောင်းတရားတွေရှိသည်။ လူနဲ့မိစ္ဆာ ကြား ခြားထားတဲ့တံတိုင်းကကြီးမားနေခဲ့သလို နတ်သူငယ်နဲ့မိစ္ဆာကြားက တံတိုင်းကပိုကြီးမားနေမှာ မလွှဲမသွေတွေပဲ။ ခြံဝန်းငယ်လေးထဲက သမားတော်ငယ်ရဲ့ဖြစ်တည်မှုမှာလည်း သို့သော်..သို့သော် ဆိုတာလေးတွေရှိနေခဲ့ကာ ရိုးရှင်းမနေခဲ့။

ကြီးကျယ်မြင့်မြတ်မှုတွေနဲ့ထည်ဝါနေတဲ့ အမတလောကနတ်ဘုံက လူ့လောကကိုစောင့်ရှောက်ပေးကြတဲ့ နတ်ဘုရားတို့ရဲ့ဘုံဗိမ္မာန်ပေါ့။ အမတလောကမှာ ကျင်လည်နေကြတဲ့ အတောင်ပံတဖြတ်ဖြတ်နဲ့နတ်သူငယ်တွေ နတ်ဘုရားအဆင့်တက်ရောက်ဖို့ ကြီးမားတဲ့စမ်းသပ်ချက်တွေအောင်မြင်ဖို့ လိုအပ်သည်။ စမ်းသပ်ချက်တွေက ခက်ခဲလွန်းမှန်းသိနေခဲ့သည်..သို့သော် သူစိန်ခေါ်ကြည့်ခဲ့တာ။ ကောင်းကင်နတ်မင်းနဲ့ မျက်နှာခြင်းဆိုင်ပြီးတော့ကို ရဲရဲတင်းတင်းတွေတောင်းဆိုခဲ့တဲ့ နတ်သူငယ်ဂျွန်ဂျောင်ဂုက ဆန္ဒတွေသိပ်ပြင်းပျခဲ့တာ။ ကောင်းကင်နတ်မင်းက သေမျိုးဘုံကမိစ္ဆာဘုရင်ရဲ့ဝိညာဉ်အပိုင်းအစကို သွားရှာပြီး ပြာချခိုင်းခဲ့တော့ ဒါဟာစမ်းသပ်ချက်ပဲလို့ ပုံသေတွက်ကာ သိပ်လွယ်ကူကြောင်း ပြုံးခဲ့မိသေးတာ..တကယ့်စမ်းသပ်ချက်တွေသည် မသေမသပ်နှောင်ကြိုးထုံးဖြစ်နေခဲ့ပါတယ်ဆိုလျှင် မသေမျိုးနတ်ဘုရားဘဝကို သူမက်မောခဲ့ပါဦးမလား။

ရိုးရှင်းလွန်းခဲ့တဲ့ တွေးတွေသည် သို့လော..သို့လောတွေဖြင့် ရှုပ်ထွေးနေမဲ့အခြေအနေတွေကို မခန့်မှန်းခဲ့ကြတာအမှန်။

"ကျုပ် အဖြူကြီးမလိုချင်ဘူး ! "

ဘုရင့်လတ်ဆတ်ပွဲရက် အတိအကျအမိန့်တော်ထွက်လာရာ ကာယကံရှင်သတို့သားသတို့သမီးတို့ထက် ပိုစိတ်လှုပ်ရှားနေကြသူတွေသည် ပြည်သူတွေပင်။ အိမ်ရှေ့စံကို မြင်လိုသော ဆန္ဒတွေသည် သူတို့အားရတပ်မအေးစေခဲ့။

မင်အိမ်တော်အတွင်း ရောက်နေကြခြင်းဖြစ်သည်။ သာမာန်လူတန်းစားတွေလို ဝတ်စားမှုပုံစံမျိုးနဲ့ဆို မဖြစ် လှုပ်ရှားမဲ့နေ့မှာ အိမ်ရှေ့စံရဲ့သွင်ပြင်က ခေါင်းစခြေဆုံး ခမ်းနားမှုတွေနဲ့ပြည့်နေမှ အရှိန်အဝါကပိုထင်ပေါ်မဟုတ်လား။ ယွန်းဂီဟျောင်းက သူပြင်ဆင်ထားတယ်ဆိုတာကြောင့် ဟိုဆော့ဟျောင်းရောပါ သူတို့နဲ့အတူ မင်အိမ်တော်ထိလိုက်ပါလာခဲ့တာ။

နာမ် / Complete /Where stories live. Discover now