-Unicode-
"လီအိမ်တော်က ဦးရီးတော်နဲ့ပူးပေါင်းလိုက်ပြီ ဧကရာဇ်..။
လီမျိုးရိုးတွေ အတင့်ရဲသထက် ရဲလာကြပြီ"မင်ယွန်းဂီရဲ့စကားသံကို ဧကရာဇ်သည်မတုန်လှုပ်ခဲ့။
မင်သခင်လေးကိုအရှေ့မှာဝင်ထိုင်ရန် မျက်စပစ်ပြပြီး ဧကရာဇ်သည်သိပ်အေးဆေးနေခဲ့သည်။"မြောက်ပိုင်းကို ဒီရက်ထဲလက်နက်ထပ်ပို့ဖို့စီစဉ်နေတယ်"
"ဧကရာဇ် !!"
မြောက်ပိုင်းကသေနာပတိလီက ပုန်ကန်ဖို့တွေအတွက်
လက်နက်တွေစုစောင်းနေခဲ့တာကို ဒီဧကရာဇ်သည် သိနေခဲ့ရက်သား လက်နက်ထပ်ပို့ဖို့ကြံနေပြန်သည်။
ထပ်ပြီး ဦးရီးတော်နဲ့ပူးပေါင်းလိုက်ကြောင်းပြောပြနေတာတောင် ဘာလို့ဒီလို..ဆိုတဲ့အမေးတွေသည် အဖြေကိုမှန်းဆလိုက်လို့မရအောင်ဘဲ။
လီဟေရှင်းကို လက်ထပ်လိုက်တာကစပြီး အခုထိ ဧကရာဇ်က ဘာတွေကြံစည်နေခဲ့သလဲ သူဖြင့်တွေးမရအောင်ဘဲ။ လီဟေရှင်းအပေါ်စွဲလမ်းပြီး ဒီလိုတွေလုပ်သလား ဆိုရင်လည်း ဒီဧကရာဇ်က ဂျွန်ဂျောင်ဂုကိုကလွဲရင် ဘာမှမမြင်တာမို့ ဖြစ်နိုင်တာမဟုတ်။"စိတ်လျော့မှပေါ့ သခင်လေးမင်။
လီအိမ်တော်ကိုကြာကြာမထားတော့ပါဘူး..တိုင်းပြည်ကြင်ရာတော်ရာထူးကို မျက်နှာပြောင်တိုက်ပြီး ယူထားလည်း
သိပ်ကိုအင်အားပြည့်စုံနေရင်လည်း ငါအရှင်လက်ကပြေးမလွှတ်ဘူး""ဒါပေမယ့် နန်းတွင်းစည်းမျ-"
"နန်းတွင်းစည်းမျဥ်းကို ဘုရင်တွေကသတ်မှတ်ထားခဲ့တာ။
ငါအရှင်ကအဲ့စည်းမျဥ်းတွေကို မီးရှို့ပစ်ပြီး အသစ်ရေးဆွဲလိုက်မယ်ဆိုရင်ရော ဘယ်သူကအပြစ်လာတင်ရဲသလဲ။
တင်ရဲတဲ့ကောင်အတွက် သေဒဏ်ဘဲ"ကြင်ရာတော်မိဖုရားရဲ့မျိုးရိုးကို အပြစ်ပေးခွင့်ရှိသည့် အပြစ်ဒဏ်သည်အပြင်းထန်ဆုံးက နယ်နှင်ဒဏ်လောက်ဘဲ...
သို့သော် ဧကရာဇ်ဗီမာနောင်း (ခ) ကင်မ်ထယ်ယောင်းကတော့ စည်းမျဉ်းအကုန်ရိုက်ချိုးပစ်မဲ့ဟန် မျက်ဝန်းတွေကပြတ်သားနေသည်။ ဧကရာဇ်ကို ဥာဏ်များတဲ့မြေခွေးနက်ကြီးဟု သမားတော်လေးတင်စားပြောခဲ့တာသည် မှားခဲ့တာတော့မဟုတ်ပါ။
တချိန်လုံး ဂျွန်ဂျောင်ဂုတစ်ယောက်တည်းအပေါ် ခံစားချက်တွေပြင်းထန်ပြီး ကျန်တာစိတ်မဝင်စားနိုင်အောင် ပြိုလဲနေခဲ့တာပါလို့ အတပ်ဆိုနိုင်ရင်တောင် ဦးနှောက်တွေထဲမှာ တခြားသောအရာတွေအတွက် သူ့အချိတ်ဆက်သူအလုပ်တွေလုပ်နေကာ ဥာဏ်တွေဗျူဟာတွေသိပ်များသည်။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook