EPISODE - 42

472 59 32
                                    

-Unicode-

ညီလာခံရဲ့အလယ် သိပ်ခမ်းနားတဲ့ကုတင်တစ်ချပ်ပေါ် ဂျွန်ဂျောင်ဂုရဲ့သေမျိုးခန္ဓာသည် အရှင်ဖန်ဆင်းသောပန်းရောင်စုံတွေကြား လှလှလေးရှိနေပြီး မျက်ဝန်းသေမျက်ဆံသေတွေနဲ့ စိတ်လွတ်နေမှုအပေါင်းဖြင့် ငေးစိုက်ရင်း အရှင်လောင်ကျွမ်းကောင်းနေဆဲပါ။
မျက်ရည်ကျမနေတော့တဲ့ပူဆွေးမှုက ရင်အစုံမှာသိပ်ကြီးကျယ်နေသည်။

သွေးမိစ္ဆာတစ်ကောင်အသက်ဝင်လာမှုကြောင့် ဝတ်ထားဆဲမင်္ဂလာဝတ်ရုံက နီပုတ်ခြင်းဆေးရောင်အဖြစ် တဖြည်းဖြည်းကူးပြောင်းသွားတာ ဂျွန့်ဆီပါသက်ရောက်၏။

ချစ်ခြင်းတရားရဲ့ခန္ဓာမပျက်စီးသွားနိုင်အောင် အစီအရင်တွေအထပ်ထပ်ချရင်း ရူးပြခြင်းတွေကြောင့် သစ္စာခံသခင်လေးသုံးယောက် မလှမ်းမကမ်းကနေကြည့်ရင်း နားမလည်ခြင်းတွေပြည့်နက်နေကြလျက်။

အရှင်ပုံစံကိုကြည့်တာနဲ့တင် ဂျွန်ဂျောင်ဂုအခြေအနေနားလည်နိုင်ကြပေမဲ့ ဘယ်ကနေဘယ်လိုဆိုတဲ့ မေးခွန်းတွေအတွက် ဧကရာဇ်ကိုမေးဖို့ရာလည်း သူတို့သိပ်တွန့်ဆုတ်နေကြသည်။
အသက်ရှင်လျက်ထွက်သွားတဲ့ အခြေအနေလေးမှာတောင် ရင်ကွဲမတတ်ဖြစ်ခဲ့တဲ့သူမို့ သေဆုံးသွားတဲ့အခါ အစိမ်းလိုက်ရင်ကွဲရခြင်းတွေကို ဘယ်လိုစိတ်နဲ့ဖြေသာနိုင်ပါ့မလဲ။
လက်ဖျောက်တစ်ချက်တီးလေတိုင်း ပေါ်ထွက်လာတဲ့ပန်းတစ်ပွင့်စီတိုင်းကို အိပ်မောကျနေသူဘေးနား အသာအယာချပေးရင်း အရှင့်အာရုံ ဘယ်ဆီမှာမှလွင့်ပြယ်မနေပါ။

အလှတရားလေးမို့ ပန်းတွေနဲ့ထိုက်တန်တယ်။
နိုးလာလို့ပန်းတွေမြင်ရင် ကျုပ်ကိုစိတ်မဆိုးလောက်တော့ဘူးမလားဂျွန်။ ခင်ဗျားကျုပ်ကိုထိုးစိုက်ပစ်ခဲ့တာ ဘာလက်နက်များလဲ..ကျုပ်နာလိုက်တာ..နာနေတာတွေကသိပ်ဆိုးရွားတာဘဲ။
ဆွဲထုတ်ပစ်ရင်ရပေမဲ့ ဂျွန်နောက်ဆုံးပေးခဲ့တဲ့ဒဏ်ဖြစ်နေတယ်ဆိုတဲ့ အချက်ကလေးကြောင့် နာကျင်မှုတွေကိုအံ့ကြိတ်ရင်း ဒီအရူးသည်မိုက်မိုက်မဲမဲကိုလက်ခံယူနေသည်။
ဂျွန်ကနာကျင်စေချင်တာဆို ကျုပ်နာပစ်လိုက်မယ်။
ဂျွန့်ဝိညာဉ်ကိုရှာရဦးမှာမို့ ကျုပ်ကိုသေစေချင်ရင်တော့ ကျုပ်မသေနိုင်သေးတာကို ခွင့်လွှတ်ပါ။
မိစ္ဆာကောင်လုံးလုံးဖြစ်နေပြီမို့ ခွင့်လွှတ်ပါ။
အကုန်လုံးကိုသတ်ပစ်မှာမို့ ခွင့်လွှတ်ပါ။
ဒီကောင့်ကိုချစ်ရင် ဒီကောင်လုပ်နေတာတွေကို သဘောမကျရင်တောင် ဂျွန်ကခွင့်ပြုပေးပါ..ကျုပ်ဒီလိုမှမလုပ်ရရင် ဘယ်လိုမှမအေးချမ်းနိုင်ဘူးဂျွန်ဂျောင်ဂု။

နာမ် / Complete /Where stories live. Discover now