EPISODE - 26

511 63 20
                                    

-Unicode-

"ထပ်ပြီး မင်းလား.."

"ထပ်ပြီး ကျွန်မပါဘဲ။
အဲ့နေ့ကကျွန်မသာမတွေ့ရင် ရှင့်ကိုတောကောင်တွေဆွဲလို့ ရှင်တစ်စစီဖြစ်လောက်ပြီ ဂျွန်ဂျောင်ဂု"

ခန္ဓာသည်ထူးဆန်းစွာ နာကျင်မှုတစ်စိုးတစ်စမှ
ခံစားမနေရတော့တာ ထူးဆန်းသည်။ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်တဲ့အခါ အိမ်ငယ်လေးတစ်လုံးဖြစ်မည့်ဟန်ပေါ်ပါသည်။
ဝါးလုံးစိမ်းစိမ်းတွေသည် နံရံအဖြစ်ရှိနေပြီး အရိုးသဏ္ဌာန်ကြက်သီးထစရာပစ္စည်းတွေပါရှိနေချင်းကြောင့် နတ်ဆရာမရဲ့အိမ်ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပေးလိုက်သည်။

"မင်းနာမည် ငါ့ကိုမပြောပြရသေးဘူးနော်"

"ဆုန်းမီ "

"ဆုန်းမီ..တကယ်လှတဲ့နာမည်ဘဲ။
ဒဏ်ရာတွေပါပျောက်သွားပုံထောက်တော့ ငါသတိမေ့နေတာကြာသွားတယ်ထင်တယ်"

"45ရက် ရှင်သတိမေ့နေတာ 45ရက်ရှိပြီ"

"ဘယ်လို !!"

ခပ်အေးအေးဆိုလိုက်တဲ့သူမစကားကို လန့်ပြီး
လှဲနေရာကနေ ငေါက်ကာငင်ကာ ထထိုင်မိတဲ့အထိ ကြောင်အသွားရသည်။
အလွန်ဆုံးရှိရင် ရက်ပိုင်းလောက်ဘဲထင်ထားခဲ့တာ 45ရက်ဆိုတော့ တစ်လခွဲတောင်ရှိနေပြီ။
တောထဲလှဲကျသွားပြီး မြင်မက်ခဲ့ရတာတွေသည် ပြန်တွေးမကြည့်ချင်လောက်အောင် မိစ္ဆာဘုရင်ရဲ့သေဆုံးခါနီး အကြည့်တွေက သိပ်ခြောက်လန့်နေသည်။
အိမ်မက်သည် အဲ့လောက်အထိကြာရှည်နေခဲ့တာလား။

"ဆုန်းမီ ငါမြင်မက်ခဲ့တယ်.."

"မေ့လိုက်။
အတိတ်ကရန်စတွေအမုန်းတွေကို ပစ္စုပ္ပန်ဆီကိုသယ်မလာခဲ့နဲ့ဂျွန်ဂျောင်ဂု အတိတ်ကအတိတ် လက်ရှိကလက်ရှိဘဲ ခံစားချက်ကိုမရောထွေးလိုက်နဲ့"

သူမသည် စေ့စေ့စိုက်စိုက်ကြည့်လာရင်း လေးလေးနက်နက်တွေပြောနေခဲ့တာမို့ ခေါင်းငြိမ့်မိသည်။
လက်ရှိကင်မ်ထယ်ယောင်းကလည်း သူ့အပေါ်ကလွဲရင် အတိတ်ကလောက်အထိ ရက်စက်ယုတ်မာနေတာမှမဟုတ်တာ ခံစားချက်တွေရောထွေးလိုက်စရာအကြောင်းမရှိပါဘူး။ သို့သော်ရက်စက်ရမည်။

နာမ် / Complete /Where stories live. Discover now