-Unicode-
အမှောင်ထုကြီးစိုးနေတဲ့ကောင်းကင်တစ်ခွင်သည်
တိမ်တွေထူထပ်နေကာ လျှပ်စီးတွေတဖြတ်ဖြတ်လျှပ်၍ ညလေအေးက အားပြင်းပြင်းတွေတိုက်ခတ်နေသည်။
အေးစိမ့်လာတဲ့ရာသီဥတုသည် နှင်းဦးကျတော့မည်လား။
မြို့အစွန်မှခြံဝန်းငယ်လေးထဲက အချစ်ငှက်တွေရဲ့အပူမီးတောက်ကတဖြည်းဖြည်းငြိမ်းကျသွားခဲ့သည်။ပြီးဆုံးခြင်းသို့ရောက်သွားတဲ့အခါ အရှင်ဘက်ကထပ်မယူခဲ့ခြင်းတွေနဲ့ အတောသတ်သည်။
လည်ပတ်ထားတဲ့ဒဏ်နဲ့ ဂျွန်ကပင်ပန်းထားတာမို့...
သူနဲ့ဖြတ်သန်းလိုက်ရ၍ပိုပင်ပန်းရတာမို့...ပန်းကလေးနွမ်းသွားမှာစိုးတဲ့စိတ်က စိုးရိမ်လွန်ကဲကာ ဆက်မတိုးခဲ့ပါ။စောင်ဖြူဖြူကိုလွှမ်းခြုံကာ အဝတ်မဲ့ခြင်းတွေအောက် အရှင် ဂျွန့်ကိုရင်ခွင်ထဲထည့်ထားပြီး ခပ်ဖွဖွကလေးဖက်ထားသည်။
ဆံနွယ်ကလေးတွေသပ်ပေးရင်း...နဖူးပြင်ထက်အနမ်းတွေဖွဖွယွယွခြွေရင်း..တစိမ့်စိမ့်ကြည့်ကာ အရှင်သည်သိပ်ချစ်နေသည်။
ရင်အုပ်ပေါ်ပါးပြင်အပ်ထားသူရဲ့
နီတာရီလက်ချောင်းလေးတွေက အရှင်ရင်ဘတ်တွေပေါ် ပြေးလွှားကစားနေပြန်တော့ ချစ်သည်။ အသက်ရှူသံမျှင်းမျှင်းကလေး နားထဲတိုးဝင်လာတော့လည်း ချစ်လိုက်တာဘဲ။
ဂျွန်ဘက်ကလည်း သူ့ကိုချစ်လို့ ခန္ဓာပေးအပ်ခဲ့သည်မဟုတ်လား..ဆိုတဲ့အတွေးနဲ့လည်း ပိုတိုးလို့ချစ်ပစ်လိုက်တာဘဲ။ချစ်မိနေပြီ ဆိုရာဝယ် အရာရာသည်ချစ်ချင်နေစရာတွေကောင်းအောင် ခံစားချက်သည် သိပ်ကိုလှ၏။
သူတို့က အိမ်ထောင်ဖက်တွေလည်းမဟုတ်ကြပါဘဲ အသိစိတ်တွေရှိနေခဲ့ရက်...။
ကျူးလွန်ခဲ့ကြတာ နှစ်ခါရှိပြီ။
တာဝန်ယူမှာပါ..လက်ထပ်ယူမှာပါ အခမ်းနားဆုံးတွေနဲ့ ဂျွန်ဂျောင်ဂုကိုဒီဧကရာဇ်ရဲ့ ဧကရီတင်မြှောက်ပစ်မယ်။
ဂျွန်ကဧကရီနေရာမကြိုက်ရင်လည်း ဧကရာဇ်နေရာပေးပစ်လိုက်မည်..ဂျွန်ဂျောင်ဂုနဲ့အတူချစ်နေရရင်ဘဲ လုံလောက်ပြီမို့ ဒီကောင်ကတော့ဘယ်နေရာ နေရနေရဖြစ်သည်။ကျွန်တော်တို့ကြားမှာ အရာရာကဆူးငြောင့်မရှိဘဲ တကယ်လှနေပါပြီလို့ သတ်မှတ်ပစ်လိုက်ဖို့ သေချာနေတဲ့အခါ အရှင့်အပြုံးတွေ သိပ်အသက်ဝင်ခဲ့ပါသည်။
အနာတွေပြွတ်သိပ်အောင်ပေးပြီး ချစ်ခြင်းမေတ္တာတရားဆိုတဲ့ ဆေးကောင်းတစ်ခွက်ကို ဂျွန်ကလှလှပပကလေးတိုက်ကြွေးခဲ့ပြီ။
နာကျင်ခဲ့ရတာတွေပြီးဆုံးပြီ..
ငိုကြွေးခဲ့ရတာတွေထိုက်တန်သည်...နှလုံးသားဆီက သွေးစက်စက်ကျအောင်ထွက်ခဲ့သမျှ ပန်းကလေးတွေပွင့်လန်းလာတဲ့အခါ စိတ်ရဲ့ဒဏ်ရာဒဏ်ချက်ကလေးတွေဟာ အမာရွတ်ပင်မကျန် ပပျောက်သွားခဲ့သလို။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook