-8-

747 95 6
                                    

-Unicode-

"သတို့သမီးပြန်ပေးဆွဲမယ်"

"ဘယ်လို !!"

"အရှင့်သားက များပြားလှတဲ့လူအုပ်ကြားကို ကိုယ်ဖျော့ပညာသုံးပြီးကောင်းကင်ကဆင်းလာတဲ့အခါ ပြည်သူတွေက ကောင်းကင်ဘုံကချီးမြှင့်လိုက်တဲ့ တော်ဝင်စင်္ကြာအမှတ်အသားပါ နတ်ဘုရားတစ်ပါးလို အရှင့်သားကိုကြည်ကြည်ညိုညိုတွေကြည့်ပြီး ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်ထားကြလိမ့်မယ်။ နန်းတွင်းကလဲ တော်ဝင်စင်္ကြာအမှတ်အသားတစ်ခုတည်းနဲ့တင် ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောပေးမှကိုဖြစ်မှာ..အဲ့ဒီအချိန်ကျ အိမ်ရှေ့စံမင်းသားဆိုတဲ့ အရှင့်သားရဲ့ရာထူးကို လှလှပပလေးပြန်သိမ်းပိုက်လိုက်မှာဖြစ်ပြီးတော့ ဦးရီးတော်ကင်မ်ဆူဟွားကို ဒေါတပုန်ထစေမှာအမှန်ပဲ"

ရှည်လျားထွေပြားတဲ့ရှင်းပြချက်ကြီးသည် မိစ္ဆာတစ်ကောင်ကို နတ်ဘုရားဆိုတဲ့အကာအကွယ်ယူပြီးသား ဖြစ်သွားလိမ့်မည်။ ပြည်သူတွေကိုကျောထောက်နောက်ခံယူပြီး ကနုတ်အမှတ်အသားနဲ့ပင် ဦးရီးတော်က တားဆီးဖို့စွမ်းသာမှာ မဟုတ်လို့ မရှူမလှအရေးနိမ့်မည်။ အစီအစဉ်ဟာကောင်း၏။ သို့သော် ဟာကွက်တွေကိုဖြည့်ရန်လိုသေးသည်။ သူနားမလည်တာတစ်ခုကိုတော့ မေးရမှဖြစ်လိမ့်မည်။

"အဲ့တာနဲ့ သတို့သမီးပြန်ပေးဆွဲမှာနဲ့ ဘာသက်ဆိုင်လို့လဲ"

"မေးခွန်းကောင်းပဲ.."

ဆိုင်တယ်..သိပ်ကိုသက်ဆိုင်တဲ့အရာ။ မမနန်းတွင်းမဝင်ရောက်ရရေးအတွက် အိမ်ရှေ့စံကိုအသုံးချနေသလို ဖြစ်သွားခဲ့ရင်တောင် နောက်မှအပြစ်ဒဏ်ခံယူလိုက်မည်။ မင်္ဂလာပွဲလုံးလုံးပျက်သွားဖို့ဆိုရင် သတို့သမီးပျောက်နေမှကို ဖြစ်မှာကြောင့် ရည်ရွယ်ချက်ရှိရှိ အစီအစဉ်ထဲတစ်စိတ်တစ်ပိုင်းအဖြစ်ထည့်ခဲ့ခြင်းအကြောင်းကိုတော့ သူတစ်ယောက်သာသိ၏။

အစီအစဉ်ရဲ့လှုပ်ရှားမှုအသေးစိတ်တွေကို ခေါင်းချင်းဆိုင် သေချာဆွေးနွေးပေးခဲ့သည်။ ဂျွန့်ဆန္ဒတွေမို့..ကျွန်တော်ဟာစိတ်မပါသော်ငြား အမှားအယွင်းမရှိစေအောင် ဟာကွက်တွေကိုဖြည့်ပေးရင်း သေချာဆွေးနွေးပေးခဲ့ပါသည်။ အစီအစဉ်ချမှုတွေ ထောင့်စေ့သွားတဲ့အခါ ဂျွန်ကလှလှလေးပြုံးလာခဲ့သည်။ တန်ပါသည်..ခေါင်းစားလိုက်ရခြင်းတွေအတွက် အပြုံးတစ်ချက်နဲ့တင် တန်လွန်းခဲ့သည်။ အယူအဆတွေလွဲခဲ့တာပေါ့..နန်းတွင်းဝင်ပြီးရင် ဂျွန်ကသူ့အနား အခုလိုပဲအတူနေလိမ့်မယ်လို့ ကျွန်တော်တလွဲတွေယူဆပြီး တက်ကြွပေးခဲ့တာ။ ဂျွန့်ဆန္ဒတွေ ဂျွန်အလိုရှိခဲ့တာတွေ ဂျွန့်ဘက်ကိုမကြည့်ခဲ့ဘဲ ဒီကောင်နဲ့သာဘဝတစ်လျှောက်လုံးအတူတူရှိပေးလိမ့်မယ်လို့ ကျွန်တော်ဟာရိုးရိုးလေးတွေးခဲ့တာ..တကယ်ကိုရိုးရိုးလေးပါ။ မိစ္ဆာဆိုတဲ့ဖြစ်တည်မှုနဲ့ ကျိန်စာဆိုးတွေကို မေ့ထားမိပြီး..။

နာမ် / Complete /Where stories live. Discover now