EPISODE - 33

553 57 18
                                    

-Unicode-

တိမ်တိုက်အပေါ်ယုန်ဖြူလေးဝပ်နေသဏ္ဌာန်
ရေဆေးပန်းချီပါတဲ့ လက်ဆွဲမီးပုံးလေးတစ်ခုကိုင်ထားတဲ့ဂျွန်သည် ပင်ပန်းနေပုံပေါက်တာကြောင့်  ဆက်လည်ပတ်မနေတော့ဘဲ အပြန်လမ်းကိုဦးတည်ခဲ့ကြပြီ။
နန်းတော်ကိုပြန်ကြသည်လားဆိုရင် မဟုတ်ခဲ့ပါ။
လောင်းကစားမှာနိုင်ခဲ့သည့်အတွက် ဆုပေးမလို့ဆိုတဲ့ စကားသံလေးကြောင့် မြို့အစွန်က အရင်ကအတူနေခဲ့တဲ့ခြံဝန်းလေးဆီ
နှစ်ယောက်သား လက်ချင်းယှက်တွဲကာ မီးပုံးပျံတွေပြည့်နက်နေတဲ့ ကောင်းကင်အောက် တရွေ့ရွေ့။
ထွက်မသွားခင်လေး ဂျွန်နဲ့အတူ အေးအေးချမ်းချမ်းလေးနေချင်တာကြောင့် နန်းတော်ကိုပြန်ဖို့စိတ်ကူးမရှိတဲ့ ဒီကောင့်အတွက် မသက်မသာဖြစ်နေစရာအကြောင်းမရှိခဲ့ပါ။
အဲ့ဒီခြံဝန်းလေးသည် အလုံခြုံဆုံး အနွေးထွေးဆုံး အအေးချမ်းဆုံးနေရာလေးမဟုတ်လား။

သွားရမဲ့ခရီး..ဖြေရှင်းရမဲ့ပြဿနာတွေကို တွေးပြီးအကွက်ချနေဖို့ထက် ဂျွန်ကဘာများပေးမလို့လဲ ဆိုတဲ့အတွေးနဲ့ ဒီမိစ္ဆာသည်ကလေးဆန်စွာ စိတ်လှုပ်ရှားတတ်လာပြီ။

သစ်ပင်အုံ့ဆိုင်းနေတဲ့ လမ်းလေးတစ်လျှောက်
မီးပုံလေးကိုင်ထားသူနဲ့ သေရည် 2 အိုးကို ကြိုးကနေကိုင်ဆွဲထားသည့်သူတို့ရဲ့ အရိပ်ကလေးတွေသည် သိပ်လိုက်ဖက်သည်။ ညလေအေးကြောင့် ချမ်းစိမ့်နေပေမဲ့
လက်ဖဝါးတို့ဆုပ်ကိုင်ထားမှုရဲ့အနွေးဓာတ်သည် အအေးဓာတ်ကိုပြယ်သွားစေတဲ့အထိ သိပ်အစွမ်းထက်သည်။
အတိတ်ရဲ့တိုင်တည်ချက်တွေ ကျိန်ဆိုခဲ့ခြင်းတွေသိပ်ပြင်းရှသလို ပစ္စုပ္ပန်ဘဝရဲ့ဆုတောင်းတွေသည်လည်း သိပ်လှခဲ့သည်။
အတိတ်နဲ့လက်ရှိရဲ့ ကျိန်ဆိုချက်နဲ့တိုင်တည်ခြင်းတွေ အားပြိုင်လာခဲ့ရင်ဘယ်အရာက ပိုအားသာလေမလဲ..ကံကြမ္မာသည် ကံကြမ္မာပေမို့ ကျီစယ်ဦးမှာမသွေမလွှဲတွေပါ။

"ဂျွန်.."

"ဟင်..ဘာလို့လဲအရှင်"

ခပ်အေးအေးလေးခေါ်သံကို ခပ်တိုးတိုးလေးထူးလာတဲ့အခါ အရှင်သည်သဘောတကျတွေပြုံးသည်။

"ဘာမှမဟုတ်ပါဘူး။
ကျုပ်တို့အိမ်ပြန်နေတဲ့ခံစားချက်က သိပ်နွေးထွေးနေတယ်မဟုတ်လားဂျွန်..ကျုပ်တို့အိမ်လေး ကျုပ်တို့နှစ်ယောက်ရဲ့အိမ်လေး"

နာမ် / Complete /Where stories live. Discover now