EPISODE - 36

412 59 10
                                    

-Unicode-

10 ရက်လောက်ကြာပြီးသည့်အခါမှာ
ဧကရာဇ် မြောက်ပိုင်းကကျူးကျော်စစ်ကို ကာကွယ်ပေးနေခဲ့တဲ့ သေနာပတိလီအား ထင်းရှူးတောထဲ ခေါင်းဖြတ်ကွပ်မျက်ခဲ့တယ် ဆိုတဲ့သတင်းက မြို့တော်ထံရောက်သွားခဲ့ပြီ။
ကြင်ရာတော်ရဲ့အဖေကို သွေးအေးအေးသတ်ပစ်ခဲ့တာလား..
ဟစ်ထရွယ်လာရန်ကနေ နှစ်အကြာကြီးကာကွယ်ပေးထားတာကို ဧကရာဇ်ကဒီလိုတုံ့ပြန်လိုက်တာလား..
ကာကွယ်တာအရည်အချင်းမရှိလို့ နှစ်အကြာကြီးမအေးမချမ်းတွေဖြစ်နေတာ သတ်ပစ်လိုက်တာကောင်းတယ် ဧကရာဇ်ကိုယ်တိုင်ဦးဆောင်တိုက်ရင် မြောက်ပိုင်းအေးချမ်းပြီ..စသဖြင့် ဝေဖန်တဲ့စကားသံအမျိုးမျိုးသည် ဆက်တိုက်တွေပင်။

လီဟေရှင်းရဲ့ဒေါသတရားတွေက ဇာမဏီနန်းဆောင်ထဲရစရာမရှိအောင် ဟုန်းဟုန်းတောက်လောင်နေခဲ့သည်။
ဧကရာဇ်ကသူမကိုစိန်ခေါ်လိုက်တာ..
အိမ်ထောင်လှလှတစ်ခုတည်ထောင်ဖို့ အမြဲတမ်းအောက်ကျခံညှိယူနေခဲ့တဲ့သူမကို အလိုမရှိကြောင်းတွေ ဖခင်ကိုသတ်ပြပြီး ဧကရာဇ်သည်စိန်ခေါ်ခဲ့သည်။
ဒေါသမျက်ရည်စတွေနဲ့ လီဟေရှင်းဟာ ကယိုကရိုတွေဘဲ။
ဧကရာဇ်က သူမကိုမထောက်မှတော့ သူမဘက်ကလည်းထောက်စရာအကြောင်းမရှိတော့ဘူး။
အမတ်လီကလည်း ဒေါသတွေထိန်းမနိုင်ခဲ့သလို အမတ်တွေရဲ့အမျက်သည်လည်း ညီလာခံထဲ ဆွေးနွေးနေကြရင်း ပေါက်ကွဲလုမတက်တွေ။

လီဟေရှင်း ကြေးမုံရှေ့သွားကာ ဒေါသတရားတွေကိုဖျောက်ထားရင်း သနားစရာကောင်မလေးအသွင်ကို မျက်ရည်တွေတလိမ့်လိမ့်ကျရင်း ဖန်တီးယူသည်။
နန်းဆောင်ထဲကနေ မာန်မထောင်လွှားနိုင်တော့တဲ့သဏ္ဌာန်ဖြင့် ထွက်လာခဲ့ပြီး ခြေတွေကညီလာခံဆီဦးတည်သည်။
သူမငြင်းခဲ့တဲ့ ဦးရီးတော်ရဲ့အကြံတွေအတိုင်း သူမပထမဆုံးစလုပ်ပါပြီ..ဂျွန်ဂျောင်ဂုအပြင် ရှင့်ကိုပါဆွဲချပစ်မယ်ဧကရာဇ်။

အစည်းအ၀ေးလုပ်နေကြရင်း ညီလာခံတံခါးပွင့်ကျလာခဲ့သည်။
မျက်ရည်တွေရွှဲနစ်ကာ
ပြိုပျက်နေတဲ့သူတို့မိဖုရားရဲ့ လဲကျတော့မလိုပုံရိပ်လေးကိုမြင်ကြတဲ့အခါ အမတ်တွေ ဂရုဏာသက်ကာ ပြေးတွဲကူကြသည်။
လီဟေရှင်း ငိုပြသည်။
သည်းသည်းထန်ထန်တွေငိုပြတာ။
လက်ဆတ်ပွဲနေကနေ အစချီလို့ ကြားထဲဖြစ်ပျက်ခဲ့သမျှတွေ နောက်ဆုံးအဖေပါသတ်ခံလိုက်ရခြင်းတွေကြောင့် ဒီမိန်းမငယ်သည် သိပ်ဇာတ်နာလွန်းနေရကာ သူတို့သိပ်သနားနေရပြီ။

နာမ် / Complete /Where stories live. Discover now