EPISODE - 27

567 64 17
                                    

-Unicode-

ဧကရာဇ်သည် သူ့ရဲ့လွမ်းရခြင်းလေးကို
ဥယျာဉ်ထဲ အမိုးအဝိုင်းလေးသာပါသော အဆောင်လေးဆီခေါ်ခဲ့သည်။ သက်ရှိငယ်ကို အသင့်ရှိနေသောခုံပေါ်ထိုင်စေပြီး အရှေ့တည့်တည့်ကနေ နူးနူးညံ့ညံ့တွေထိုင်ကြည့်ပစ်သည်။
ပန်းတွေကြားက အလှဆုံးပန်းလေးကို ရှူစားနေခြင်းက ပုံမှန်ထက်အချိန်တွေပိုကြာတဲ့အထိ။

မတွေ့ရတာကြာတဲ့ရက်တွေမှာ တစ်နေရာကလေးများပြောင်းလဲသွားခဲ့သလား စိတ်တွေနဲ့ စေ့စေ့စပ်စပ်ထိုင်ကြည့်နေမိတာ...
မမြင်ရတာကြာလို့ အလွမ်းတွေအတိုးချကြည့်နေတယ်လို့ ပြောနေရင်လည်းမှားတာမဟုတ်ဘူး။
နူးညံ့မှုတွေပါတယ် ရီဝေခြင်းတွေပါတယ်။
မြတ်နိုးမှုဆိုတာအလျှံအပယ် ကိုယ့်ရတနာလေးကိုယ်လက်ထဲပြန်ရောက်လာလို့ အစိတ်အပိုင်းတစ်ခုစီတိုင်းကို တယုတယကြည့်နေတာမျိုးလေး။ ထိုအကြည့်တွေအောက် ကြာလာတော့မနေတတ်သူသည် မျက်နှာလေးသည်ပန်းရောင်သမ်းစွာ လွှဲချသွားသည်။
ပန်းကလေးတွေသည် ရှက်တတ်ကြောင်း..။

"ဒီရက်တွေ ခင်ဗျားအပြင်မှာပျော်နေလောက်ပေမဲ့ ကျွန်တော့်တော့သေမလိုပါပဲ...ခင်ဗျားကိုသူများတွေ မက်မောကုန်မှာ သိပ်စိုးနေခဲ့ရတာ"

သိပ်လှပါသောမျက်ဝန်းဝိုင်းတွေသည် ကျွန်တော့်ကို ခပ်ဖြေးဖြေးချင်းကြည့်လာသည်။
အဲ့လိုတွေကြည့်ခံရတိုင်း ကျွန်တော်သိပ်ရူးချင်တာဘဲ။
နူးနူးညံ့ညံ့ကလေးကို ကျွန်တော်အကြမ်းရမ်းဆုံးတွေ ခြွေချပစ်ခဲ့မိတာ ပြန်သတိရတိုင်း ကျွန်တော်ဇောချွေးပျံတဲ့အထိ နောင်တသိပ်ရတယ်ဂျွန်..ခင်ဗျားကဖွဖွယွယွလေးမို့ တယုတယတွေနဲ့ပဲဖြစ်ခဲ့သင့်တာ။
နာနာကျင်ကျင်တွေအစား နိဗ္ဗာန်ဘုံလေးကိုကူးဖြတ်သင့်တာ ကျွန်တော်တောင်းပန်ဖို့တောင် အစမချီရဲပါဘူး။

"ခင်ဗျားမရှိတုန်း ကျွန်တော်ဘုရင်ကောင်းလုပ်ခဲ့တယ်။
တိုင်းပြည်ကိုအများကြီးပြုပြင်ခဲ့တယ် ဂျွန်ကျေနပ်တယ်မဟုတ်လား"

သဘောကျစေဖို့မြူဆွယ်ကြည့်တာပါ။
ပြုံးလာစေဖိို့ ဖျားယောင်းခဲ့ကြည့်တာ။ တိုင်းပြည်အတွက်ပြည်သူအတွက်ရယ်လို့ ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ကြောင်းတွေကို သိုဝှက်ထားမည်။
အလွမ်းဖြေဖို့ လုပ်မိလုပ်ရာလုပ်ပစ်ရင်း သူရှိနေမဲ့နေရာတိုင်းအတွက် အဆင်ပြေစေချင်ခဲ့တာ ခမ်းနားစေချင်ခဲ့တာတွေကို ကျွန်တော်ပြောပြဖြစ်မှာမဟုတ်ပါဘူး။

နာမ် / Complete /Where stories live. Discover now