-Unicode-
ကင်မ်ထယ်ယောင်းကယုံမရတဲ့အခါ
နန်းတော်နှင့် တော်တော်လှမ်းလှမ်းဝေးတဲ့ အကွာကိုရောက်မှသာ လည်တိုင်ကိုချိန်ရွယ်ထားခြင်းလက်တွေရုတ်ပြီး ပြေးခဲ့သည်။ ခန္ဓာကဆိုးဆိုးဝါးဝါးတွေနာကျင်နေပြီး အင်အားမဲ့နေခဲ့တောင် မိစ္ဆာလက်ထဲပြန်မရောက်ချင်စိတ်တွေနဲ့ ဗလာဖြစ်နေတဲ့ခြေတွေ ပေါက်ပြဲစုတ်ပြတ်တဲ့အထိ ပြေးခဲ့ရသည်။
ခြေတစ်လှမ်းမှာ မောဟိုက်မှုတွေ နုံးခွေမှုတွေနဲ့ ခန္ဓာကတဆစ်ဆစ်နာကျင်နေကာ ခေါင်းတစ်ချက်ထိုးကိုက်လာရင် မျက်လုံးတွေပြာဝေသွားတဲ့အထိ မိစ္ဆာတစ်ကောင်ချနင်းတာခံလိုက်ရမှုသည် တကယ့်ကိုအစုတ်စုတ်အပြတ်ပြတ်တွေဘဲ။နတ်သူငယ်မို့ မိစ္ဆာတစ်ကောင်ရဲ့
အတင်းအဓ္ဓမ သွေးသားပေါင်းစည်းခံလိုက်ရခြင်းသည် လောကစည်းဘောင်တွေကိုကျော်လွန်နေတာကြောင့် နတ်ခန္ဓာမဟုတ်ဘဲ
သေမျိုးခန္ဓာဖြစ်နေတာတောင်မှ ကြီးကြီးမားမားတွေ အထိနာထားရသည်။လက်ထဲကသွေးစွန်းနေတဲ့ ဆံထိုးက ကျက်သရေမရှိနေတဲ့အခါ ပစ်လိုက်ဖို့ရွယ်လိုက်ပေမဲ့ မပစ်ရက်နိုင်ခဲ့။
အားမလိုအားမရတဲ့ဒေါသစိတ်တွေနဲ့ လက်သီးတင်းတင်းဆုတ်ပြီး ဒီနတ်သူငယ်သည် လမ်းအလယ်ခေါင်အော်ဟစ်ကာ မျက်ရည်တွေပြိုကျသည်။ကင်မ်ထယ်ယောင်းကဘာကြီးမို့လဲ !
ကင်မ်ထယ်ယောင်းကမိစ္ဆာလေ မိစ္ဆာတောင်အဆိုးယုတ်ဆုံးမိစ္ဆာဘုရင်ဖြစ်လာမဲ့ကောင် !
စောက်ရူးလိုတွေ မသိစိတ်ကတွယ်တာနေရအောင် မင်းရူးနေတာလား ဂျွန်ဂျောင်ဂု !!ကိုယ့်မသိစိတ်ကိုအတန်တန်အသိတွေရိုက်သွင်းပြီး
ကျစ်ကျစ်ဆုတ်ထားတဲ့လက်သီးဆုတ်လက်တစ်ဖက်သည် ခေါင်းကိုနာနာဖိထားကာ တယိမ်းတယိုင်ခြေတွေနှင့် တောလမ်းထဲကို ဦးတည်သွားခဲ့သည်။ ခန္ဓာကိုယ်ရဲ့ရစရာမရှိအောင် စုတ်ပြတ်နာကျင်ခြင်းတွေကို ကုသဖို့လိုတဲ့အခါ တောတွင်းကသာ သူ့အတွက်ပုန်းခိုလို့အကောင်းဆုံးနေရာဘဲ။အမတဘုံမှာ သေမျိုးလောကအတွက်
သစ်ပင်ပန်းပင်ဖန်ဆင်းတဲ့တာဝန်ကိုယူထားတဲ့ နတ်သူငယ်ဖြစ်တာကြောင့် သူဖန်ဆင်းခဲ့ဖူးတဲ့ဆေးပင်ဝါးပင်တွေကို မြင်တာနဲ့မှတ်မိတာမို့ ကုသဖို့ကပြဿနာတော့မဟုတ်ခဲ့ဘူး။
ဒီခန္ဓာကောင်းကောင်းနလန်ထူနိုင်မှ တာဝန်ကိုကောင်းကောင်းဆောင်ရွက်နိုင်မှာမဟုတ်လား။
ပုန်းအောင်းကုသဦးမည်။ ခန္ဓာကိုကုသ စိတ်ကိုပြင်ဆင်ပြီး ဘယ်နည်းသုံးရသုံးရတာဝန်ကိုလက်မတွန့်ဘဲ အဆုံးသတ်တော့ပစ်တော့မှာပါ။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook