-Unicode-
အာရုံဦးကိုရောက်လာသည်။
မနက်ဖြန်ဘဲ လက်ဆတ်ပွဲကျင်းပချင်တာမို့ ဒီနေ့ 1 ရက်အတွင်း မင်္ဂလာအခမ်းအနားကိုအပြီးသတ်ပြင်ဆင်ပေးရမဲ့ အမိန့်ကျရောက်နေတာကြောင့် နန်းတွင်းတစ်ခုလုံးက လူတိုင်းနီးပါးသည်အပြေးအလွှားတွေပင်။
အမှားအယွင်းတွေ့ရင် သတ်ပစ်မယ်ဆိုတဲ့ ကျိန်းဝါးသံပါရှိနေတဲ့အခါ ဘယ်လောက်ထိလောနေပါစေ သေချာပြင်ဆင်နေကြရသည်။
တစ်ပတ်လို့မိန့်ထားပြီးမှ
ဘယ်ကြောင့်ဒီလောက်အထိ လောလာခဲ့သလဲ စဥ်းစားမရနိုင်အောင်ဘဲ အဲ့အမျိုးသားကိုဧကရာဇ်သည် ဒီလောက်အထိ..ဆိုတဲ့တီးတိုးသံတွေကလည်း တားဆီးလို့မရအောင်ဘဲ။စာဖတ်ခန်းထဲ စောင်အလုံးလိုက်အထွေးလိုက်ကလေးဖြင့် အိပ်မောကျနေသူလေးရှိနေသလို စွမ်းအားတို့အသုံးပြုကာ အလုပ်ရှုပ်နေသောသူတို့လည်းရှိသည်။
နီညိုရောင်အခိုးအငွေ့တွေရဲ့ အလုံးလိုက်အထွေးလိုက်ရစ်ပတ်မှုတွေကို လက်ချောင်းတွေဖြင့် ထိန်းချုပ်နေကာ အရှင့်နဖူးထက်ချွေးသီတဲ့အထိ ကြိုးစားပမ်းစားတွေ။
မကြာပါ အငွေ့တွေကြားတဖြည်းဖြည်းချင်းထွက်လာတဲ့ အနီရောင်ဝတ်ရုံရဲ့အစအနလေးတွေ....
အရှင့်ရဲ့အခိုးအငွေ့တွေကြားတဖြည်းဖြည်း လွှင့်ပြယ်ကုန်ကာ သေချာချိတ်ထားတဲ့သတို့သားဝတ်ရုံနှစ်ထည်က ခမ်းနားစွာပေါ်ထွက်လာခဲ့သည်။
အနီရောင်ကိုရွှေချည်တို့ဖြင့် ကနုတ်တွေသေသပ်နေအောင်ထိုးထားပြီး ဆောင်းဦးရာသီဖြစ်တာကြောင့် ပထမတစ်ထည်ကအဖြူရောင်အနားကွပ်လေးတွေအပြင် ဂုတ်ပိုးဆီကနေ လည်တိုင်တွေ ရင်ဘတ်နေရာအထိအဖြူရောင်အမွှေးပွလေးတွေ ရှိနေပြီး
တစ်ထည်သည်လည်းထိုနည်းတူစွာပင်..သို့သော်အရောင်သည် အနက်ရောင်။အရှင် အဖြူရောင်ဖြင့် သတို့သားဝတ်ရုံလေးအနားသွားကာ သေချာအသေးစိတ်တွေပြန်စစ်ကြည့်နေခဲ့သည်။
လိုချင်တာနဲ့တစ်တေရာတည်းထွက်လာရဲ့လား ဆိုတဲ့စိတ်က ရင်တထိတ်ထိတ်တွေပင်။
လက်ချောင်းတွေဖြင့် အသာအယာထိကိုင်ရင်း ဝတ်ဆင်ထားမဲ့ဂျွန့်ပုံရိပ်ကိုမြင်ယောင်ရင်း ဘာမှမဟုတ်ပါဘဲ မျက်ရည်သည်ဝေ့ခဲ့သည်။
ပိုင်ဆိုင်ရဖို့ အိမ်ထောင်ဖက်တွေဖြစ်ကြဖို့အထိ မယုံကြည်နိုင်ခြင်းတွေဖြင့် အတိတ်ကိုပြန်တွေးရင် ခံစားချက်ကထူးဆန်းခဲ့သည်။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook