-Unicode-
နန်းဆောင်ထဲအထိ ပွေ့ချီလာခဲ့ခြင်းတွေကြား
လည်တိုင်ကိုသာဖက်တွယ်ထားတဲ့ ဂျွန်ကငြိမ်ငြိမ်သက်သက်ကလေး။ အိပ်ဆောင်တံခါးကိုဖွင့်ချလိုက်သည်။
ဖယောင်းတိုင်မီးသာသုံးထားတဲ့ မှိန်ဖျဖျအလင်းရောင်တွေ..အနီရောင်သောပြင်ဆင်ထားခြင်းတွေ။
ကုတင်ထက် စောင်နီနီခေါင်းအုံးနီနီအပြင် နှင်းဆီပွင့်ဖတ်နီနီတွေဟာပြန့်ကျဲနေခဲ့ပြီး အနီရောင်သောဇာပါးပါးတွေသည် ကုတင်ကိုအကွယ်ပြုထားသည်။
ကုတင်ထက် ပွေ့ချီလာသောအပိုင်စားရထားသည့် အလှတရားငယ်အား အသာအယာချကာ မျက်နှာလေးကိုအခုထိ အရှင်ကြည့်မဝနိုင်ခဲ့သေး။
သူတို့ကြား လေအေးအေးတွေ တိုက်ခတ်နေသလို အသက်ရှူသံအပြင်မကြားရစွာ ငြိမ်သက်လွန်းခဲ့သည်။အရှင်ပျော်ရွှင်မှုကိုထိတွေ့နေခဲ့ပြီး ဂျွန်သည်စိတ်ကိုသတ္တိတွေမွေးရင်း ထုံထိုင်းခြင်းတွေကိုထိတွေ့နေခဲ့သည်။
သူလေး ထိုးထားသောဆံထိုးတွေနဲ့ ခေါင်းစည်းတွေအား အရှင်အသာအယာဖြည်ချယူသည်နှင့်
ပြယ်ကျလာတဲ့ဆံနွယ်တွေသည် ဖြာခနဲပါဘဲ...ထိုအခိုက်အတန့်က မျက်ဝန်းထဲမှာသိပ်လှသည်။
ကြမ်းကိုငေးစိုက်ရင်း ငြိမ်သက်ပြနေတာတောင် ကြွေရုပ်ကလေးလိုသဘောထားပြီး အရှင်သိပ်သဘောကျနေကာ မထိရက်မကိုင်ရက်။
ဆံနွယ်တွေကို နားရွက်ဖျားလေးနောက် သိမ်းပို့ပေးရင်း အရာရာအားလုံးသည် အစစ်အမှန််တွေအဖြစ်လှပခဲ့သည်။
ဂျွန့်မျက်ဝန်းလေးတွေ ဝံ့လာခဲ့သည်။
လက်ချောင်းလေးတွေက အရှင့်ဆံနွယ်တွေကို ဖြည်ချပေးလာသည်။
ဂျွန့်အပြုအမူကြောင့် ရယ်သွပစ်နေရင်း အတိုအရှည်မညီမှုတွေဖြာကြလာခဲ့ရင် အရှင်သည်သိပ်ကြည့်ကောင်းနေခဲ့ပါသည်။"ဂျွန်..ကျုပ်ခင်ဗျားကို ပိုင်သွားပြီ။ နောက်ဆုံးတော့ ကျုပ်အပိုင်ကလေးဖြစ်ခဲ့ပြီ"
"ငါ့ကို အဲ့သလောက်ထိမက်မောတာလားအရှင်"
အမေးပုစ္ဆာလေးကို အရှင်သဘောကျစွာပြုံးရင်း သက်ဆိုင်သူရဲ့လက်ကလေးကို အုပ်ကိုင်လာသည်။
မက်မောတာတွေ တပ်မက်တာတွေ စွဲလမ်းနေခဲ့တာ ချစ်ခြင်းမေတ္တာတရားတွေ အရာအားလုံးကတိုင်းတာလို့မရတဲ့အခြေအနေကို ရောက်နေတာကို ဂျွန်ကသိရက်သားနဲ့ လှလှကလေးမေးနေပြန်ပြီ။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook