-Unicode-
ချည်နှောင်ထားခဲ့တဲ့နှောင်ကြိုးလေးက
ညီလာခံတလျှောက်လုံးမငြိမ်မသက်တွေ အချက်ပြနေခဲ့တဲ့အခါ ပလ္လင်ပေါ်ကပြေးဆင်းသွားချင်စိတ်တွေက အစိုးမရခဲ့။ ရှည်လွန်းတဲ့ အမတ်တွေရဲ့လေကြောတွေ အပြစ်လွတ်ချင်စိတ်နဲ့ ဖောင်ဖွဲ့ပြောနေတဲ့စကားတွေကို ဖြတ်ပစ်ခဲ့လို့လည်းမရတော့ ဒီဘုရင်သည် ဒီပလ္လင်ပေါ် ဆောက်တည်ရာမဲ့နေခဲ့သည်။
နောက်ဆုံးညီလာခံသိမ်းပြီဆိုတာနဲ့ နှောင်ကြိုးသည်ကျစ်ကျစ်တောက်ပူလာခဲ့တဲ့အခါ ဘာကိုမှဂရုမစိုက်နိုင်ခဲ့တော့။
စိတ်အာရုံ ဦးနှောက် သွေးကြောထဲကသွေးတွေအစ အကုန်လုံးအကုန်လုံးသည် ဂျွန်ဂျောင်ဂုဖြစ်နေခဲ့တဲ့အခါ အမတ်တွေရှိနေသေးသည်ကိုလည်း မဆင်ခြင်နိုင်ခဲ့စွာ မိစ္ဆာစွမ်းအင်ထုတ်သုံးပစ်ခဲ့လိုက်သည်။
ပလ္လင်ပေါ်ကနေ မျက်တောင်တခတ်အတွင်း ပျောက်သွားတဲ့ ဧကရာဇ်ကိုကြည့်ရင်း အမတ်တွေသည်ခေါင်းမွှေးပြောင်ချင်ချင် ဖြစ်ကုန်ပါသည်။ဂျွန်ဂျောင်ဂုရှိရာသည် မလှမ်းမကမ်းမှာဖြစ်နေခဲ့တဲ့အခါ အနည်းငယ်စိတ်သက်သာရာရသွားခဲ့ပေမဲ့
ဆီးကြိုနေတဲ့မြင်ကွင်းသည် ဘယ်လိုမှမလှပခဲ့ဘူး။ ရုန်းကန်နေတဲ့လီဟေရှင်းနဲ့ လီဟေရှင်းရဲ့လက်ကိုကိုင်ထားတဲ့သူ..
လီဟေရှင်းရဲ့မျက်နှာကို စေ့စေ့စိုက်စိုက်တွေကြည့်နေမှုသည် ရင်ကိုအဆမတန်ပူလောင်လာစေခဲ့သည်။ အံ့တွေကြိတ်ပစ်မိသည်။ မျက်ခုံးတွေတွန့်ချိုးမိသည်။
ဒေါသမမြည်တဲ့ မလိုလားခြင်းဒေါသတွေ ဥစ္စာခြောက်ခြင်းဒေါသတွေသည် သွေးကြောတွေထဲလှိုင်ထနေကာ ကျွန်တော့်ပုံစံသည် ကျိန်းသေခက်ထန်ကောင်း ခက်ထန်နေနိုင်သည်။
တကယ်တော့ ဒီကောင်ကမ္ဘာမှာမိုးကြိုးတွေပစ်နေခဲ့တာ။တွန့်တိုသည်။
ဒီကောင်သိပ်တွန့်တိုနေရသည်။ ဂျွန်ဂျောင်ဂုကိုင်ရမဲ့သူသည် ဒီကောင်ဘဲဖြစ်သင့်တာ..ဒေါသနဲ့ကိုင်သည်ဖြစ်စေ ဘယ်လိုစိတ်နဲ့ဘဲကိုင်ကိုင် အခုတော့ဖြင့်သိပ်တွန့်တိုနေရသည်။
အဲ့တာအပြင် စူးစိုက်ကြည့်နေသေးသည်မှာ ဒီကောင်အသက်ရှူနှုန်းတွေ ကမောက်ကမဘဲ။ အဲ့မိန်းမသည်လှနေသည်။ ဂျွန်ဂျောင်ဂုသည်ကြည့်နေသည်။ သဘောကျသွားမှာစိုးတဲ့ အတ္တတွေကြီးလာတဲ့အခါ ဒီဘုရင်သည် သွေးရူးသွေးတန်းတွေပါဘဲ။

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook