EP - 15

572 80 21
                                    

-Unicode-

နေရောင်ပျောက်ပြီး ညအချိန်ရောက်သွားလေပြီ။ လရောင်ပင်မသာနိုင်တဲ့ အမှောင်ထုထဲပြေးရင်း တောလမ်းထဲမှာ အင်မဲ့အားမဲ့တွေဖြစ်လာပြီ..။ ချွေးစတွေလုံးလုံးစိုရွှဲပြီး တော်တော်လေးကိုမောဟိုက်နေခဲ့တာမို့ လမ်းလျှောက်ရုံသာတတ်နိုင်တော့သည်။ တော်တော်ဝေးဝေးပြေးခဲ့ပြီမို့ ကင်မ်ထယ်ယောင်းမမီလာနိုင်လောက်ဘူးဟု ကျွန်တော့်မှာတစ်ထစ်ချတွေ..။

လေအေးအေးက ကြက်သီးထဖွယ်တိုက်ခတ်လာသည်။ ဒီလေအေး ဒီတိုက်ခတ်ပုံ..ကင်မ်ထယ်ယောင်းလာတိုင်း အမြဲပါလာတတ်တဲ့လေအေးမျိုးဖြစ်နေတဲ့အခါ ရင်ထဲထိတ်ခနဲဖြစ်သွားပြီး မှောင်မဲနေတဲ့ပတ်ဝန်းကျင်ကို အကဲခတ်မိသည်။ ငြိမ်သက်နေသည်။ မူမမှန်တာရှိမနေ။

"သားကောင်ကပြေးချင်တော့ ငါအိမ်ရှေ့စံကအမဲလိုက်ရတာပေါ့"

ခပ်အက်အက်အသံထွက်လာသည်နှင့် တစ်ပြိုင်နက် မြင်းခွာသံတွေညံလာပြီး မီးတုတ်ကိုင်ထားတဲ့ လူတစ်အုပ်က သူ့ထံတန်းတန်းမတ်မတ်။ တုန်လှုပ်သွားခဲ့သည်။

"ကင်မ်..ကင်မ်ထယ်ယောင်း"

တဖြည်းဖြည်းနီးလာတဲ့အခါ ရဲမက်အများအပြားဖြစ်ကြောင်း..ရဲမက်တွေရဲ့အရှေ့ကဦးဆောင်လာသူသည် မြင်းနက်နက်ကြီးဖြင့် ဆံနွယ်တွေအကုန်ဖြည်ချထားတဲ့ကင်မ်ထယ်ယောင်းဖြစ်နေပြီး ညအိပ်ဝတ်ရုံရှည်ဖရိုဖရဲကြောင့် ရင်ဘတ်တွေပေါ်နေကာ လက်ထဲမှာမြားတစ်စင်းကိုင်ထားသေးသည်။ သူ့ကိုကြည့်နေတဲ့ ခပ်ရဲရဲမျက်အိမ်တွေရဲ့ မသိတဲ့လူတစ်ယောက်လိုအကြည့်တွေကို မရင်းနှီးခဲ့။ သားကောင်တစ်ကောင်လို ကစားစရာတစ်ခုလိုကြည့်နေတဲ့ လူကိုသေးနုတ်သွားစေတဲ့ မျက်အိမ်တွေ...

ဒေါသတွေထွက်နေမယ် ထင်ခဲ့ပေမဲ့ အေးအေးချမ်းချမ်းလေးတွေ့ရတဲ့အခါ စိတ်ထဲသက်သာခဲ့သည်။ ဒီလိုဆိုကျွန်တော် မပြေးခဲ့သင့်ဘူး။ ကျွန်တော်မလုပ်လိုက်သင့်ဘူး။ ဖြေရှင်းချက်တွေပေးဖို့ရာ စကားလုံးတွေကရှာမရ။ အသံပင်တုန်ရီလာသည်။

"ကင်မ်ထယ်..ထယ်ယောင်း ငါ-"

"ရပ်စမ်း !! သေချင်နေလို့ ငါ့ကိုနာမည်တပ်ခေါ်နေတာလား !"

နာမ် / Complete /Where stories live. Discover now