EPISODE - 43

423 67 18
                                    

-Unicode-

ကြီးမြတ်မှုခမ်းနားမှုတွေ နှင့် ထည်ထည်ဝါဝါတည်ရှိနေတဲ့အမတဘုံရဲ့ အပြစ်ဒဏ်စီရင်ရာ စက်ဝိုင်းသဏ္ဌာန်ဟင်းလင်းပြင်ကြီးရဲ့ဗဟို၌ ခြေကောက်ဝတ်သည်သွေးစတို့နဲ့ရဲနေပြီး
သံကြိုးကြီးတွေဖြင့် ချည်နှောင်ခံထားရကာ ပြိုပျက်နေတဲ့နတ်သူငယ်တစ်ပါးသည် အသိကပ်တစ်ချက် ပျောက်တစ်ချက်ဖြင့်..။
အမတဘုံကိုပြန်ရောက်လာကတည်းကနေ တစ်ခုခုကိုနင့်နင့်သည်းသည်းနာကျင်နေရသလို ခပ်ဆွေးဆွေးလေးဖြစ်နေသည်။
ငွေမှုန်တလက်လက်နဲ့ အဖြူရောင်အတောင်ပံလှလှတွေက တဖျတ်ဖျတ်မခတ်နိုင်တော့ဘဲ ခွေလျက်ထိုင်နေတဲ့နတ်သူငယ်ထံ ညှိုးနွမ်းစွာအုပ်ကျနေ၏။

အရောင်အဝါမတောက်နေနိုင်တဲ့ ဒီနတ်သူငယ်သည် အမှန်တကယ်နွမ်းနွမ်းဖတ်ဖတ်ပင်။

မလှမ်းမကမ်းက အမြင့်တစ်နေရာကနေ ကောင်းကင်နတ်မင်းကြီးနဲ့ တခြားသောအင်အားကြီးနတ်ဘုရားတွေက စိတ်ပျက်စွာကြည့်နေကြသည်။
ဒါတွေကိုအရေးမလုပ်အားခဲ့ပါ။
ရင်ဘတ်ထဲမှာခဲဆွဲထားသလို လေးလံနေသည်။
ရင်ကိုခွဲခံထားသလိုတဆစ်ဆစ်နာကျင်မှုက ဆိုးဝါးနေလွန်းကာ လှိုက်ဖိုစွာရှိုက်တက်လာတဲ့ ဝမ်းနည်းမှုကိုလည်း တစ်ပြိုင်တည်းခံစားနေရသည်။
ဘာကြောင့်..ဆိုတဲ့ မေးခွန်းရဲ့အဖြေကိုရှာမရစွာ ခေါင်းလည်းထူပူနေပြီ။

နတ်ဘုရားအဖြစ်အဆင့်တက်လှမ်းဖို့ သေမျိုးဘုံကို စမ်းသပ်ချက်တွေခံယူဖို့သူသွားခဲ့သည်မဟုတ်လား။
အဲ့ဒီနောက်ပိုင်း..နောက်ပိုင်း..

"Ah..."

စဥ်းစားလို့မရတော့အောင် ခေါင်းတွေကထိုးကိုက်လာသည်။
လက်တစ်ဖက်နဲ့နားထင်ကိုဖိယူရင်း ပြန်ရောက်လာရတဲ့အကြောင်းအရင်းကိုလည်း မမှတ်မိတော့။
ပြစ်ဒဏ်ပေးဟင်းလင်းပြင်မှာ ချည်နှောင်ခံထားရတဲ့အဖြစ်ကိုလည်း နားမလည်နိုင်..။

အတွေးပေါင်းများစွာ နာကျင်မှုဝေသနာပေါင်းများစွာနဲ့ နတ်သူငယ်က ထိုနေရာမှာငြိမ်ငြိမ်သက်သက်ကလေး..။

"ဂျွန်ဂျောင်ဂု..မင်းငါ့ကိုသိပ်စိတ်ပျက်စေတယ်"

စကားသံထွက်လာတဲ့အခါ နားရွက်ချွန်ချွန်လေးတွေသည် ထောင်လာခဲ့သလိုလေး..။
မျက်ရည်လဲ့လဲ့နဲ့ နီဆွေးဆွေးမျက်ဝန်းတွေ အသံလာရာကို လှမ်းကြည့်လာသည်။
နှုတ်ခမ်းပါးပါးတွေက တဆတ်ဆတ်တုန်ရီနေသည့်ပမာ..

နာမ် / Complete /Where stories live. Discover now