ENDING EPISODE

406 61 41
                                    

-Unicode-

ဂျွန်ဂျောင်ဂုဆိုတာနဲ့ ဒီမိစ္ဆာသည် မျက်ဆံတွေ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး သွေးရူးသွေးတန်းတွေပါ။
နည်းနည်းမှလက်မလွှတ်နိုင်တဲ့စိတ် ကြီးမားတဲ့ချစ်ခြင်းမေတ္တာတရားတွေ ခမ်းနားတဲ့စွဲလမ်းမှု အဆုံးရှုံးမခံနိုင်ခြင်းတွေနဲ့ ဘယ်အရာကိုမစဥ်းစားနိုင်စွာ တစ်ကိုယ်လုံးထုံကျင်လာပြီး ဂျွန်ဂျောင်ဂုကိုသာတောင်းတသည်။
ဂျွန်ဂျောင်ဂုကိုပြန်ရဖို့ဆို ဘာဘဲလုပ်ရလုပ်ရ !
ဂျွန့်ကိုသတ်ချင်တဲ့ နတ်တွေအကုန်လုံးကိုလည်း ရိုက်သတ်ချင်စိတ်တွေ ထိန်းမရလာပါ။
သိပ်လောလာတဲ့စိတ်တွေသည် နောက်ကျခဲ့ရင် ဆိုတဲ့အသိတွေနဲ့ ပြာယာခတ်လျက် လက်တွေတဆတ်ဆတ်တုန်နေပြီ။

"ဘယ်လိုလုပ်ရမှာလဲ ! မိစ္ဆာဘုံကိုထူထောင်ဖို့ငါဘယ်လိုလုပ်ရမှာလဲ "

"မင်းရဲ့အမြုအတေကို အာရုံခံလိုက် ကင်မ်ထယ်ယောင်း.."

မျက်ဝန်းတွေမှိတ်ရင်း အာရုံပြုပေမဲ့ ဂျွန်ထားတဲ့လက်နက်ရဲ့နှိပ်စက်မှုကသာ ပိုဆိုးလာပြီး နှောက်ယှက်သည်။
အသဲခိုက်တဲ့နာကျင်မှုတွေသာ တန်ပြန်ရလာသည်။

"မရဘူး နာတယ် !"

"ကျစ် ! ဆွဲထုတ်လိုက် ! အဲ့ဆူးချွန်ကိုဆွဲထုတ်ပစ်လိုက် !!"

"မလုပ်နိုင်ဘူး ! ဒါဂျွန်ထားခဲ့တာ "

"စောက်ရူးလုပ်မနေနဲ့။
ဂျွန်ဂျောင်ဂုကိုပြန်ရချင်တာလား ဂျွန်ဂျောင်ဂုထားခဲ့တဲ့အဲ့ဆူးချွန်ကိုမက်မောနေတာလား ! "

ပုံရိပ်ယောင်ဘဝကလွတ်မြောက်လိုစိတ်တွေ ပြင်းပျနေချိန် ကင်မ်ထယ်ယောင်းကမဟုတ်တာကို လာရူးပြနေခြင်းတွေကြား စိတ်တွေမရှည်ခဲ့တော့။ ထပ်ခါထပ်ခါပြုမိတဲ့ တွန်းအားပေးမှုတွေ..!

ထိုအချိန်မှာဘဲ သူတို့ရှိရာဆီ ဝင်ရောက်လာတဲ့ မိန်းကလေးတစ်ဦး။

"ရှင်မြင်နေရတဲ့ပုံရိပ်ယောင်ကို ဖျက်စီးပစ်လိုက် ! အခုချက်ချင်း !"

"ဆုန်းမီ..ဘာလို့-"

"ကျွန်မကိုပြန်မမေးနဲ့ ကင်မ်ထယ်ယောင်း !! ပြောတဲ့အတိုင်းသာလုပ်ပါ"

နာမ် / Complete /Where stories live. Discover now