-Unicode-
ဆောင်းဦးမရောက်ခင် ဆက်ကြားကာလမှာ
မြို့တော်တစ်ခုလုံးကို အလှပဆုံးအပြင်အဆင်တွေနဲ့ ကြီးကြီးကျယ်ကျယ်ကိုကျင်းပကြတဲ့ ဆောင်းဦးပွဲတော်သည် ဟေရိုလာကင်မ်ပြည်ရဲ့ ယဥ်ကျေးမှုတစ်ခုလိုဖြစ်နေသည်။
တစ်ပတ်တိတိကျင်းပကြတဲ့အနက် နောက်ဆုံးရက်သည်အခမ်းနားဆုံးဖြစ်ရာ အရှင်က နောက်ဆုံးရက်ကိုသေချာရွေး၍ သမားတော်လေးကို နန်းပြင်ခေါ်ထုတ်ရန်ကြံခဲ့ပါသည်။ညီလာခံက နည်းနည်းနောက်ကျမှပြီးတာကြောင့် ဧကရာဇ်ခဗျာ နဂါးဝတ်ရုံရှည်ကြီးတလွှားလွှားဖြင့် အိန္ဒြေမထိန်းနိုင်စွာပင် နန်းဆောင်ထဲကိုအပြေးတစ်ပိုင်း..။
စိတ်လှုပ်ရှားမှုတွေနဲ့ ခြေလက်တွေအေးစက်နေကာ ရင်ဖိုမှုတွေကလည်း အတိုင်းအဆမဲ့အောင်ဘဲ။
ပထမဆုံး..ချစ်ခြင်းမေတ္တာတရားအတွက် ခံစားချက်တွေပြီးပြည့်စုံစေမဲ့ ပထမဆုံးချိန်းတွေ့မှုလေးမဟုတ်လား..
တိုင်းပြည်ဧကရာဇ်မကလို့ မိစ္ဆာဘုရင်ဖြစ်နေရင်တောင် စိတ်နဲ့နှလုံးသားသည်တော့ အတိုင်းအဆမရှိလှုပ်ရှားနေဦးမှာဘဲ။နန်းဆောင်ထဲရောက်လာပြီး
အိပ်ဆောင်သွားတဲ့လမ်းတွေဆီ ခြေတွေအလျင်အမြန်ဦးတည်နေသည်။
အိပ်ဆောင်အရှေ့က အရိပ်ကလေးကိုလှမ်းတွေ့ရတဲ့အခါ အရှင့်မျက်နှာခပ်ရေးရေးအပြုံးတွေ အလိုအလျောက်ဖြစ်တည်နေပြီးသား။
ဂျွန်ဂျောင်ဂုဆိုတာ ကင်မ်ထယ်ယောင်းအပြုံးတွေဖြစ်တည်ရာ ဘုံဗိမ္မာန်လေး။ လူ့ဘုံ မိစ္ဆာဘုံ နတ်ဘုံတွေထက်
ပိုပြီးလိုချင်စရာကောင်းတဲ့ ဌာနလေးသည်ဂျွန်...။"အရှင်.."
ဖြူလွှလွှပုံရိပ်ကလေးက
အလှဆုံးတွေပြုံးပြီး ဆီးကြိုလာသည်။ အိမ်ဆိုသောအငွေ့အသက်လေး..ကိုယ့်ကိုစောင့်နေသူရှိပါလားဆိုတဲ့ အနွေးလှိုင်းသည် ရင်အစုံကိုသိမ့်ကနဲလှိုက်မောသွားစေသည်။"ဒီနေ့နောက်ကျလိုက်တာ..နန်းပြင်ထွက်မယ်ပြောပြီး စောစောပြန်လာမှပေါ့"
စောင့်ရတာမကြိုက်သောသူသည် နှုတ်ခမ်းလေးစူ၍နေပြီ။
"အခုသွားကြမလား အရှင်.."

YOU ARE READING
နာမ် / Complete /
Fanfictionသွေးမိစ္ဆာတစ်ယောက်၏စွဲလမ်းခြင်း~ I don't own this cover photo, so I crd the original owner! #Taekook