𝙇 𝙊 𝙎 𝙏 PART : 2

15K 186 16
                                    

LOST

PART : 2





တစ်ဖက်ကကြားလိုက်ရသည့်စကားသံများက မွေ့လေရီနားထဲသံရည်ပူလောင်းလိုက်သလိုခံပြင်းလှ၏။

သူမဒီလောက်ဆန္ဒပြထားပါရက်နဲ့ ဖေဖေဒီလိုဘဲလုပ်ရက်တာလား? သူမရဲ့သဘောထားကိုလျစ်လျူရှုနေတက်ပြီလား?

"တောက်စ်"

တောက်ခေါက်သံပြင်းပြင်းကိုကြားလိုက်ရတော့တစ်ဖက်မှ ဖုန်းပြောသူ ရဲရင့်တစ်ယောက်ဘာဆက်ပြောရမှန်းမသိတောင်ကြောက်ရွံ့သွားရ၏။

"အခုထိဖေဖေအဲ့အိမ်မှာဘဲရှိသေးတယ်မဟုတ်လား။ ပြီးတော့ဟိုမိန်းမကရော် ဖေဖေရောက်လာတော့အတော်မှပျော်နေရဲ့လား"

"ကျွန်တော်သခင်ကြီးကို ဝင်ခေါ်လိုက်ရမလားမမလေး။ ကျွန်တော်လိုက်လာ‌တာကိုတော့သိမဲ့ပုံမပေါ်ဘူး"


တစ်ဖက်မှမမလေးရဲ့ဖြေကြားသံဟာခေတ္တခဏတိတ်ဆိတ်သွားပြီး မကြာလိုက်ပါဒေါသသံဖုံးလွှမ်းနေသောလေသံဖြင့်။


"နေပါစေတော့"

"ဖေဖေပြန်တဲ့အထိဘဲ ကိုရဲရင့်စောင့်ကြည့်နေလိုက်။ ကိုရဲရင့်ကိုနောက်ယောင်ခံခိုင်းထားတာဖေဖေ့ကိုမသိစေချင်ဘူး"

"ကျွန်မပြောတာကိုသဘောပေါက်ပါတယ်နော်"


ပြောပြီးသည်နှင့်ဖုန်းကိုချပစ်လိုက်ပြီးစာလဲဆက်ဖက်ဖို့စိတ်မပါတော့တာကြောင့်အိမ်ထဲသို့ဝင်လာခဲ့သည်။

အိပ်ခန်း‌ထည်းရောက်တော့ မွေ့ယာပေါ်ပစ်လှဲလိုက်တာ သူမအတွေးအာရုံတွေဟာ ဟိုသားအမိဆီမှာသာ။

ဖေဖေဘာကြောင့်သူမကိုညာရတာလဲဆိုတာ စဉ်းစားမရ။

ပြီးတော့ဖေဖေဟာအမြဲ ကတိတစ်ခုကိုအလွဲသုံးစားမလုပ်သူဆိုတာလဲသူမကောင်းကောင်းကြီးသိသည်။

"ဘယ်အချိန်ကထည်းကအဲ့သားအမိဆီမှာ ဖေဖေခြေချုပ်မိနေခဲ့တာလဲ။ အတော်မျက်နှာပြောင်တဲ့မိန်းမတွေ"

_______________________________

ဒီလူကြီးကို အိမ်ခဏခဏလာတာမကြိုက်ပေမဲ့ သူလာရင်အမြဲငြိုးငယ်နေတဲ့မေမေ့မျက်နှာလေးဆိုသည်မှာ လန်း‌ဆန်းနေသည်။

𝙇𝙊𝙎𝙏  Where stories live. Discover now