𝙇 𝙊 𝙎 𝙏 PART : 24

4.7K 68 8
                                    


LOST

PART 24



လှေကားထစ်မှဆင်းလာတော့ အုန်းနို့ခေါက်ဆွဲအနံ့သင်းသင်းက လူကိုညို့ယူနေသည်။






အနံ့လာရာကိုအကြည့်ရောက်မိတော့ နက်ပြာရောင်ဝမ်းဆပ်ဖြင့် အမျိုးသမီးတစ်ဦး ဟင်းရည်တွေကိုဇွန်းဖြင့် မွှေရင်း အရသာမြည်းစမ်းနေသည်။ ကိုယ့်မျက်နှာထက်ပြုံးသွားရပြီး သူမရှိရာ‌သို့အလျှင်ဆင်းလာခဲ့သည်။ နောက်ကျောပြင်မှတွေ့နေရသော ခန္ဓာလှလှကို မက်မော‌စွာကြည့်ရင်း သူမပုခုံးကိုသွားဖက်လိုက်သည်။







"အဆင်သင့်ဖြစ်ပြီလား စောစောလေးသွားပို့လိုက်လေ မေမေဘုရားသွားအမှီစားသွားရအောင်လို့"

"ဒုတိယအဆင့်က ငါးဖယ်တွေကိုပါးပါးညှပ်ထားပေးတာနော်......တတိယအဆင့်ကအကြော်စုံနဲ့ အသီးအရွက်တွေထည့်ထားပေးတယ်.....ပထမအဆင့်မှာက ခေါက်ဆွဲရှိတယ်"

"ဟင်းရည်ကိုတော့ သမီးနောက်တစ်ချိုင့်နဲ့ထည့်ပေးမယ်‌......အခုသွားတော့မလား ‌သမီးကဟင်းရည်ကျအောင်နည်းနည်းစောင့်ရင်း မွှေပေးနေတာ.....ထည့်လိုက်ရတော့မလား ဒယ်ဒီ"

"ကိုယ့်ဇနီးလေးက သိပ်လိမ္မာတယ်"




မှာတမ်းတွေခြွေနေသော သူမရဲ့နှုတ်ခမ်းလေးကို ဖွဖွနမ်းရင်း နူးညံ့သောအသံဖြင့်စကားစလာသည်။




"ကိုယ်နဲ့အတူလိုက်ခဲ့မလား။ မေမေနဲ့လဲတွေ့စေချင်လို့"

"ဟင့်အင်း။ မွေ့မလိုက်တော့ဘူး။ မွေ့ကြောင့်မေမေရဲ့ မွေးနေ့လေးမှာမပျော်လိုက်ရဘဲဖြစ်နေပါမယ်။ မေမေက မွေ့ကို ချွေးမအဖြစ်လက်ခံထားတာမှမဟုတ်တာ......မွေ့မလိုက်တော့ပါဘူး။ ဒယ်ဒီဘဲသွားလိုက်နော်"

"မဆိုင်တာ သမီးရယ်။ ကိုယ့်ကိုယုံပါ။ လိုက်ခဲ့နော်"

"မဖြစ်ဘူး Dad! မေမေ့အကြောင်းကို သမီးသိတယ်။ တစ်ယောက်ထည်းဘဲသွားလိုက်ပါနော်။ နောက်တော့.......နောက်တော့မေမေလက်ခံတယ်ဆိုမှ သမီးတွေ့ချင်တယ်"






ဒီလိုသာချော့ပြောရင်း မွေ့လေရီနောက်တစ်ချိုင့်ကိုသွားယူကာ ဟင်းရည်ထည့်ပေးလိုက်သည်။ အတူတူသွားပြီး အမေ့မွေးနေ့လေးမှာရှိနေချင်ပေမဲ့ သူမကငြင်းဆန်နေတော့ လင်းရောင်ဆက်မပြောတက်တော့ပေ။ ဒါကြောင့် သူမပြင်ပေးနေတာကို ကူပြင်ရင်း အားလုံးပြီးစီးတော့ ချိုင့်ကိုဆွဲကာ ဒေါ်ချယ်ရီလင်းအိမ်ကိုထွက်လာခဲ့သည်။




𝙇𝙊𝙎𝙏  Where stories live. Discover now