𝙇 𝙊 𝙎 𝙏 PART : 30 Final Part

6.2K 108 8
                                    

LOST

PART 30 The End

မိုးကအနည်းငယ်ညို့နေတာမို့ သေချာပေါက် ဒီညတော့မိုးရွာမှာပင်။ နေ့လည်ကလဲတဖွဲဖွဲနဲ့ သိပ်မရွာလိုက်တာ့ ညဘက်တော့သဲကြီးမဲကြီးရွာအုံးမည်။ မွေ့လဲ တံခါးတွေကိုလိုက်ပိတ်နေတုန်း သားသားက ဆိုဖာပေါ်မှာခွေခွေလေးအိပ်ပျော်နေသည်။ အနွေးထည်လက်ရှည်ဝတ်ထားပေမဲ့ သားသားချမ်းနေမှာဆိုးလို့ စောင်ပါးလေးတစ်ထည် ခြုံပေးလိုက်ရသေးသည်။ ကလေးကအဆုတ်မကောင်းဘူးထင်တယ် အအေးပတ်တာနဲ့ဖျားတာပင်။ မွေ့ဘုရားသောက်တော်ရေလဲရန် ဘုရားခန်းထဲဝင်လာတော့ အနောက်ပါးမှ ခါးသိမ်လေးကိုပွေ့ဖတ်လိုက်သည့် နွေးထွေးသွားတဲ့ခံစားမူကြောင့် လူမှာတုန့်ခနဲ။

"သမီး"

ကြည့်စမ်း! ဒီလူရဲတင်းလိုက်ပုံများ အိမ်အပေါ်ထိတောင် ရောက်လာတာ.....။ မွေ့ ဒေါသတွေအလိတ်လိုက်ထွက်သွားတော့ မျက်နှာချင်းဆိုင်လှည့်လိုက်ပြီး ထိုလူ့ပါးပြင်ကို ခပ်နာနာလေးရိုက်လိုက်သည်။

"ရှင်! ရှင်အခုချက်ခြင်းထွက်သွား........မဟုတ်ရင် ကျွန်မရဲတိုင်ရလိမ့်မယ်"

"အဟွန်း.......ကိုယ့်ယောက်ကျားကိုယ် ထောင်ထဲထည့်ဖို့ဆန္ဒရှိတော့လဲ လုပ်ပေါ့"

"ကြည့်စမ်း! ရှင်ကလုပ်ရပ်တင်ရိုင်းတာမဟုတ်ဘူး စကားတွေကပါ ရိုင်းစိုင်းနေပါလား"

"ဖယ် ရှင်ဖယ်"


လက်ညိုးလေးထိုးထိုးပြီး လူကိုရန်တွေ့နေသည့် ကောင်မလေးကို လင်းရောင်အသည်းယားလာပြီး ပွေ့ချီလိုက်သည်။ ဒီလိုမှမလုပ်ရင် သူမကဘယ်တော့မှ သူအနားရောက်လာတော့မည်မဟုတ်တော့။ ဘောင်းဘီအိတ်ကပ်ထဲမှ လက်သုတ်ပဝါကိုထုတ်လိုက်ပြီး သူမနှာခေါင်းစင်းစင်းလေးထက် အုပ်လိုက်စဉ် မွေ့လေရီ လောကကြီးနှင့် ခေတ္တမျှ အဆက်အသွယ်ပျက်သွားလေသည်။

_______________________________

ကလေးကို ကြိုတင်စီစဉ် ပေးထားသောအခန်းတစ်ခုမှာ သိပ်ထားလိုက်တော့ ကလေးကနှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်နေသည်။ ဒီရက်ပိုင်းအတွင်း သူမလေးကို လွှတ်ပေးထားတာက ယခုလိုအစီအစဉ်ဆွဲထားလို့ပင်။ ဟိုသားမိကိုလဲအိမ်ပေါ်ကမောင်းထုတ်ကာ တစ်ခါထဲ ကွာရှင်းပျက်စဲလိုက်ပြီး သူတို့လုပ်ရပ်ကြောင့် သမီးဖြစ်သွားတဲ့ကိစ္စကို အမူဖွင့်ဖို့လုပ်တော့ ဒေါ်ဝါဝင်းက ဒူးထောက်ပြီးအနူးညွှန့်တောင်းပန်ကာ အမူမဖွင့်ရန်‌ပြောသည်။ ကွာရှင်းစာချုပ်မှာလဲ ကြည်ကြည်ဖြူဖြူလက်မှတ်ထိုးပေးပြီး ပိုင်ဆိုင်မှုတွေလဲတစ်ခုမှမယူသည့် အပြင် လင်းရောင်ခြိမ်းခြောက်လိုက်တာမို့ ထိုနေ့ကဖြစ်စဉ်တွေပါ အကုန်ပြန်ပြောပြတာကြောင့် လင်းရောင် အဖြစ်မှန်ကို အားလုံးသိလိုက်ရသည်။


𝙇𝙊𝙎𝙏  Where stories live. Discover now