𝙇 𝙊 𝙎 𝙏 PART : 21

8.9K 113 11
                                    

LOST

PART : 21

ကိုယ်လမ်းပျောက်နေပြီ.......


မနက်ခင်းရဲ့ ‌နေရောင်ခြည်အလင်းတန်းက ဒယ်ဒီ့မျက်နှာမှာလာထိုးနေတာဖြစ်လို့ မွေ့လက်သွယ်လေးတွေနဲ့ကာပေးထားမိသည်။ မျက်လုံးလေးတွေမှိတ်ထားတော့ ကော့ညွှန့်နေသော မျက်တောင်ရှည်တွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့နေရပြီး နှာ‌တံထင်းထင်းပေါ်မှာလက်ချောင်းလေးတွေ တို့ထိမိသည်။ လေးကိုင်းသဏ္ဍာန်မျက်နှာပုံစံကြောင့် ဘယ်လိုကြည့်ကြည့်ချောမောနေသည့်ဒယ်ဒီကြောင့် မွေ့မှာရင်ခုန်ရပြန်သည်။ အသက်ရှုသံပြင်းပြင်းကိုနား‌ဆင်နေရပြီး ငြိမ်သက်စွာအိပ်မောကျနေတဲ့ ဒယ်ဒီ့ကိုမွေ့အကြာကြီး ကြည့်နေမိသည်။


"ဘယ်ဘဝကကုသိုလ်ကံတွေကြောင့် ဒီလောက်တောင်ကြည့်ကောင်းနေရတာလဲ.....‌ဒယ်ဒီ့ရဲ့အသက်ရှုသံလေးတွေကအစ မွေ့ကိုရင်ခုန်စေတယ်"

"ဒါကြောင့်မို့လဲ.....ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတာဖြစ်မယ်"


သက်ပြင်းချသံတိုးတိုးလေးကိုကြားတော့ လင်းရောင်မျက်လုံးများဖွင့်လာသည်။

နိုးနိုးချင်းသူမမျက်နှာဖွေးဖွေးလေး‌ကိုတွေ့လိုက်ရတော့ လင်းရောင်ပြုံးမိပြန်သည်။ ဒီကောင်မလေးကိုချစ်လွန်းစွာ ပွေ့ဖတ်ထားလိုက်ပြီး မျက်လုံးချင်းဆုံနေသည့်အခိုက်မှာ လင်းရောင်သူမနှဖူးပြင်လေးကို ညှင်သာစွာနမ်းလိုက်သည်။


"နိုးနေတာကြာပြီလား.....ဘာလို့စောစောနိုးတာလဲ ကလေး"

"သမီးနိုးတာစောတာမဟုတ်ဘူး.....ဒယ်ဒီနိုးတာနောက်ကျနေတာ.....သမီးကဒယ်ဒီစားဖို့အတွက် မနက်စာပြင်ရသေးတယ်လေ"

"ကိုယ့်ကို နိုးရော်ပေါ့ကလေးရယ်"

"မနိုးရက်ပါဘူး.....သူကအိပ်မောကျနေတာကြီးကို.....ဒီ့ထက်အိပ်ရေးဝဝအိပ်စေချင်လို့လေ"

"အလိုက်သိလိုက်တာ"

"အိပ်ရေးမဝရင် ဒယ်ဒီတစ်နေ့တာလုပ်ရမဲ့အလုပ်တွေမှာအဆင်မပြေဘဲနေမှာပေါ့.....အခုတော့နိုးပြီဆိုတော့ထတော့.....၈နာရီတောင်ထိုးပြီးနေပြီ"

𝙇𝙊𝙎𝙏  Where stories live. Discover now