𝙇 𝙊 𝙎 𝙏 PART : 25

2.9K 54 7
                                    

LOST

PART ...... 25

ဆက်တိုက်မြည်လာသည့် ဖုန်းသံကြောင့် နှစ်ယောက်လုံးရဲ့အကြည့်တွေက ဖုန်းဆီသာ။

ဖွဖွရုန်းတော့ ‌ သူမကို ဖက်တွယ်ထားသည့်လက်တွေအား ဖြုတ်ချလိုက်သည်။

မွေ့ ဖုန်းကိုသွားယူကိုင်လိုက်တော့ တစ်ဖက်ကဖုန်းဟာ မိုးမင်းမောင်ဆီကဖြစ်နေတာမို့ ဖုန်းကိုမကိုင်ဘဲမှောက်ထားလိုက်မိ၏။ သူမလုပ်လိုက်သည့်လုပ်ရပ်ကို လင်းရောင်သဘောမကျစွာအနားကိုလာပြီး ထိုဖုန်းကိုယူကြည့်ရန်ပြင်တော့ သူမလက်တွေကလက်ဦးမှုယူခါ တစ်ဖက်သို့ဖုန်းကိုပို့လိုက်သည်။

"ကိုယ့်ကိုပြ"

"ဒင်နာရှိတယ်မလား သွားတော့လေ...."

"သမီး ကိုယ်မသိအောင်ဘာလုပ်ဖို့ကြံနေတာလဲ။ မင်းဖုန်းတောင်မပြနိုင်ဘူးလား"

"ဘာမှမဟုတ်ဘူး"

"မဟုတ်ရင် မင်းပေးလေဖုန်းကို"

"ပြသနာထက်မတက်ချင်ဘူး ဒယ်ဒီ‌၊ လုပ်စရာရှိတာလုပ်တော့"

တိုတိတိပြောပြီး သူ့ကိုထားခဲ့တာသူမကတော့ ဖုန်းကိုင်ရင်းထွက်သွား‌ပြီ။ မဖြေရှင်းလိုက်သည့် ပုစ္တာတွေရဲ့အဖြေတွေကဘာတွေများဖြစ်မလဲ။ ဒီလိုသာဆက်တိုက်ဖြစ်နေမယ်ဆိုရင် ကြာရင် အဆင်ပြေမည်မဟုတ်တော့။

လင်းရောင်ရေချိုးပြီးထွက်လာသည့်တိုင် သူမကအိမ်အောက်ထက်မှာရှိမနေ။ ဘယ်များသွားတာလဲဆိုပြီး ကြီးသိမ့်ကို‌မေးကြည့်တော့ အပြင်ခဏသွားမယ်ဆိုပြီး ထွက်သွားတာ ငါးမိနစ်လောက်ရှိပြီဖြစ်သတဲ့......။ မေမေ့ရဲ့ပါတီပွဲလဲသွားဖို့အချိန်နီးနေပြီဖြစ်လို့ .......

"မလိုက်သွားတော့ဘူးလား သခင်"

"မလိုက်တော့ဘူး.........သမီးပြန်လာရင် ညစာစားနှင့်ဖို့ပြောလိုက်ပါ။ ကျွန်တော်နောက်ကျမယ်"

"ကြီးသိမ့်ပြောလိုက်ပါ့မယ်"

လင်းရောင်ခေါင်းတစ်ချက်ငြိမ့်ပြီး အိမ်ထဲမှထွက်လာခဲ့သည်။

__________

ရာသီဥတုကပူပူနဲ့ ချွေးတွေအများကြီးပါးပြင်ပေါ်သို့စီးကျလာတော့ မွေ့လက်နဲ့အသာဖယ်လိုက်သည်။ ဆိုင်ကယ်က မောင်းနေရင်း လူပြတ်တဲ့နေရာရောက်မှ‌ ဆီက လာပျက်ရတယ်လို့။ ကိုမိုးမင်းမောင်က မွေ့ပိုက်ဆံအိတ်ကျန်ခဲ့လို့ လာပေးမယ်ဆိုတာ........သူ မကြိုက်မှာဆိုးလို့ သွားယူခြင်းဖြစ်သလို၊ တမင်ကိုသူ့ကိုရှောင်ချင်လို့ ထွက်လာတာလဲဖြစ်သည်။

𝙇𝙊𝙎𝙏  Where stories live. Discover now