𝙇 𝙊 𝙎 𝙏 PART : 8

4.9K 84 8
                                    

LOST ( PART : 8 )

ကြီးမားလှသော အဆောက်အဦးတစ်ခု။ ဒီအဆောက်အဦးက လင်းရောင်ရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုဟုဆိုနိုင်သလို ရန်ကုန်မှာ နာမည်ကြီးနေတဲ့ Hotelလဲဖြစ်သည်။ သန့်ရှင်းသပ်ရပ်မှုက လုံးဝကို relax ဖြစ်စေပြီး ဟော်တယ်ရဲ့ serviceကလဲ အရမ်းကိုကောင်းမွန်တာမို့ လာတည်းတဲ့ ဧည့်သည်တွေကြားမှာ ရေပန်းစားလျက်။

မှန်တံခါးမှ ဖျတ်ဝင်လိုက်တာနဲ့ ရုပ်ရည်ရှိအမျိူးသမီးနှစ်ဦးဟာ ear phoneဖြင့် တာဝန်ခံကိုအသိပေးရင်း သခင့်ကို အရိုအသေပြု ဦးညွှန့်လျက်။ တာဝန်ခံတွေဟာ သခင်ဟော်တယ်ကို ရောက်လာတယ်ဆိုတာ သိသိချင်းဘဲ ဧည့်ကြိုကောင်တာဘက်သို့ တန်းရောက်လာပြီး တာဝန်ခံရောက်လာသည့်အချိန်မှာ သူတို့သခင်ဟာ Receptionမှ ကောင်လေးနှစ်ယောက်ဖြင့် စကားပြောနေပြီဖြစ်သည်။

အကြည့်တောင် မဆုံးလိုက်သေးဘဲ သခင်ဟာ အခန်းသော့တစ်ခုကို ယူကာ ချက်ခြင်းဘဲ VVIP Roomsတွေရှိတဲ့ဘက်သို့ ခြေဦးတည်သွားသည်။ နောက်ပါးမှ ကပ်လိုက်လာ‌သော bg တွေကိုလဲ မလိုက်ခဲ့ပို့ လက်ကာပြရင်း။

"ဟေ့ကောင်တွေ လာအုံးဒီကို"

ဂျာကြီးခေါ်တော့ Receptionမှ ကောင်လေးနှစ်ယောက်က ကုတ်ကုတ်ဖြင့် ကောင်တာထဲမှာထွက်လာကြသည်။

"သခင်ဘာပြောသွားတာလဲ။ ပြသနာတစ်ခုခုရှိလို့လား။ ငါ့တောင်မစောင့်ဘဲ မင်းတို့ဘာပြောလိုက်တာလဲ"

"ဘာမှမဟုတ်ဘူး ဂျာကြီး။ သခင်မ ဒီကိုလာတာသိလို့ လိုက်လာတာ။ သခင်မရဲ့အခန်းသော့ကိုတောင်းပြီး ဘာမှမပြောဘဲ အခန်းတွေရှိတဲ့ဘက်ကိုသွားတာဘဲ"

"ဟေ ဟုတ်လား"

"ဟုတ်တယ်ဂျာကြီး။ မနေ့ညက ဂျူတီကျတဲ့ ထွန်းထွန်းပြောလို့ ကျွန်တော်လဲ သခင်မ ဒီရောက်နေတယ်ဆိုတာသိထားတာ"

"အဲကွာ။ အဲ့ကောင် ငါ့ကိုမပြောသွားဘူး။ ညမှတွေ့အုံးမယ်ငါနဲ့။ မင်းပြောလိုက် သူဂျူတီဝင်ရင် ငါ့ရုံးခန်းထဲအရင်လာခဲ့လို့ပြောလိုက်"

"ဟုတ်ကဲ့ ဂျာကြီး"

သခင်ကတစ်ခြားကိစ္စမရှိတာမို့ တော်သေးတယ်ဟုပြောရမည်။ မဟုတ်ရင် ဟော်တယ်များ သူ‌မသိလိုက်ခင် တစ်ခုခုများဖြစ်လို့လားဆိုပြီး စိုးရိမ်ကြီးသွားလေခြင်း။ သခင့်အကြောင်းကို သိနေတော့‌လဲ။

𝙇𝙊𝙎𝙏  Where stories live. Discover now