𝙇 𝙊 𝙎 𝙏 PART : 12

5.1K 104 7
                                    

LOST

PART : 12

ခါတိုင်းဆို ဟော်တယ်ထိ သခင်ကလိုက်ပြန်ပို့ပေးနေကျဆိုတော့ Sellen ဒီနေ့လဲကားမယူလာဖြစ်ပါ။ ဒီနေ့သခင်က ရုံးကိုမလာတော့ ညနေရုံးဆင်းရင် သူမတစ်ယောက်ထဲ ဘယ်လိုပြန်ရင်ကောင်းမလဲတွေးနေလိုက်သည်။

Taxi နဲ့ဘဲသွားဖို့တော့ဆုံးဖြတ်ထားတာ‌မို့ လုပ်လက်စတွေကို အပြီးသတ်နေရင်း မှန်ပြတင်းအပြင်ဘက်မှ သဲကြီးမဲကြီးရွာချလာသည့်မိုးကြောင့် Sellen စိတ်ပျက်သွားရသည်။ ထီးမပါ ကားမပါတဲ့နေ့ကျမှ ထိုမိုးကလဲ အသည်းအသန်ကိုရွာနေသည်။

ညနေ 5နာရီလဲထိုးတော့ ဆောင်းတွင်းလဲဖြစ်တာမို့ အပြင်မှနှင်းမိုးတွေဟာကျဲသွားပြီး မှောင်စပြုလာသည်။ ရုံးခန်းအတွင်း ဝန်ထမ်းတွေကလဲ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပြန်ကုန်ကြပြီး Sellenကတော့ laptop တစ်လုံးဖြင့် ပတ်ဝန်းကျင်နဲ့အဆက်သွယ်ပျက်သွားတာ ရုံးခန်းထဲတစ်ယောက်မှမရှိတော့သည် အထိပင်။

"ပြန်ကုန်ကြပြီထင်တယ်"

Sellen လက်တော့ကိုပိတ်ပြီး ဘေးဘယ်ညာကိုကြည့်လိုက်တော့ တစ်ယောက်မှမရှိတော့တာဖြစ်လို့ သူမလဲရုံးခန်းထဲ ထက်မနေတော့ဘဲ ပြန်ရန်ပြင်လိုက်သည်။ အခန်းထဲကထွက်လာတော့ ကိုသူရက ရုံးမဆင်းသေးတာသိရပြီး အတော်အလုပ်ရှုပ်နေပုံဘဲ။

အင်းပေါ့လေ သခင်မှ ဒီနေ့ရုံးမတက်တော့ သူလဲလက်ခံထားတဲ့အလုပ်တွေများမှာပေါ့လို့တွေးရင်း ကိုသူရရုံးခန်းထဲကိုမသွားတော့ဘဲ ၁၁လွှာကနေ အောက်ဆုံးထိဆင်းလာခဲ့လိုက်သည်။ အောက်ထက်ရောက်တော့ မိုးဟာဖွဲဖွဲလေးကျနေပြီး ယခုချိန်မှ Taxiကလဲ ကိုယ်ဘဲမျက်စိမှောက်သလားမသိ ပေါ်ကိုမပေါ်လာသော Taxi ရယ်ပါ။

ဒါကြောင့် Sellen နာရီကိုကြည့်လိုက် လမ်းပေါ်မှာသွားလာနေသော ကားတွေထဲမှ Taxi ကိုကြည့်လိုက်နဲ့ သူမဘေးနားမှာ ထီးတစ်ချောင်းဖြင့် လူတစ်ယောက် ရောက်လာသည်အထိပါဘဲ။ အပေါ်မှ အနည်းငယ်ရိပ်မိုးသွားသော အရိပ်တစ်ခုကြောင့် Sellen ဘေးကိုကြည့်လိုက်တော့။

"ကိုမိုးမင်းမောင်"

"အွန်း.....မွေ့မပြန်သေးဘူးလား။ ဒီနေ့ကားမပါလို့လား။ ကျွန်‌တော်နဲ့ပြန်ပါလား။ ကျွန်‌တော့်ကားပါတယ်"

𝙇𝙊𝙎𝙏  Where stories live. Discover now