LOST
PART : 14
"သမီး"
လင်းရောင်ရဲ့အသံကြောင့် ရင်ခွင်ထဲမှအိမ့်လေရီက ကျောဘက်ကလူကိုလည့်ကြည့်လိုက်သည်။
"ဦးလင်း ဒီကောင်မကဘယ်လိုဖြစ်လို့"
"သူရ မင်းသူ့ကိုဆွဲခေါ်သွား"
"ဟုတ်ကဲ့ပါ သခင်"
"ဟင့်အင်း ဟင့်အင်း ဦးလင်း.....အိမ့်ပြောပြီးသားနော် ဦးလင်း......အိမ့်စကားကို အလေးထားပါအုံး....ဦးလင်း....ဦးလင်း"
အိမ့်လေရီ သူရဆွဲခေါ်ရာနောက်သို့ တရွတ်တိုက်လိုက်သွားရသည်။ Sellen ဘေးမှာဖျတ်သွားသော အိမ့်လေရီဆိုတဲ့အမျိုးသမီးက Sellenကိုကြည့်နေလိုက်ပုံများ အင်မတန်ကြောက်စရာ။ Sellen ဒီအခြေအနေကြီးမှာ ဘယ်လိုမှ ရှိမနေသင့်တာကြောင့် လိုက်လာမိတဲ့ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်ကာ အခန်းရှေ့မှ လှည့်ထွက်သွားတော့ လင်းရောင်လဲ ဟန်မဆောင်နိုင်တော့ဘဲ သူမအနောက်ကို လိုက်လာခဲ့သည်။
"သမီးနေအုံး"
"သမီး နေအုံးလို့ကိုယ်ပြောနေတယ်"
လင်းရောင်ဘယ်လောက်ခေါ်ခေါ် Sellen လှည့်မကြည့်ဘဲ ခြေလမ်းတွေကလဲ မရပ်တန့်ပေးခဲ့။ တဖြည်းဖြည်းနဲ့ ဓာတ်လှေကားနားရောက်တော့ Sellen ခြေလှမ်းတွေရပ်သွားပြီး တံခါးအပွင့်ကိုစောင့်ကာ ဓာတ်လှေကားထဲလျှင်မြန်စွာဝင်သွားသည်။ သို့သော် Sellen လက်တစ်ဖက်ကိုတော့ လင်းရောင်ဆွဲမှီသွား၏။
"လွှတ်နော်"
"မဟုတ်ဘူး......မင်းအထင်လွဲနေပြီ သမီး ကိုယ်ရှင်းပြမယ်"
"သမီးကဘာကိုအထင်လွဲရမှာလဲ.....သမီးကိုယ့်အလုပ်ကို လုပ်မို့လေ မနှောင့်ယှက်ပါနဲ့"
Sellen လက်ကိုခါထုတ်လိုက်ပြီး ဓာတ်လှေကားတံခါးဟာလဲ ပိတ်ဖို့နီးလာစဉ် လင်းရောင်လဲ ဓာတ်လှေကားထဲသို့ ဝင်ခဲ့လိုက်ပြီး လင်းရောင်နဲ့အတူ ဖိုင်တစ်ချို့ကိုကိုင်ထားသော မိုးမင်းမောင်ပါ အတူဝင်လာ၏။
"ကိုမိုးမင်းမောင်"
"အင်း.....မွေ့ အပြင်သွားမလို့လား"
"သမီး ကိုယ့်ကိုကြည့် ကိုယ်မင်းကိုရှင်းပြမယ်"
"ဟုတ်တယ် ကိုမိုးမင်းမောင်ရဲ့.....နှစ်ချုပ်စာရင်းတွေလုပ်ဖို့ အခွဲတွေဆီသွားရမှာလေ"

YOU ARE READING
𝙇𝙊𝙎𝙏
Romanceသစ်ရွက်လှုပ်ရင်တောင် ရင်မခုန်တက်တဲ့အရွယ်က မင်းအသံကြားတာနဲ့ ဆောက်တည်ရာမဲ့ကုန်တာ။ Linn Yaung » » » Mwayt Layyee Normal Dark Fic 🔞 Write Date 📝 Wednesday 20/12/2023