𝙇 𝙊 𝙎 𝙏 PART : 22

5K 81 7
                                    

LOST

PART : 22



"ဘာလို့  အဲ့လောက်  ကြည့်နေတာလဲ"

"သမီးဝိုင်မူးနေတဲ့ပုံစံက   ဆွဲဆောင်မူရှိလို့"

"ကျန်တဲ့အချိန်ကျ  ဆွဲဆောင်မူမရှိဘူးပေါ့လေ"

ဝိုင်ခွက်ကလေးကိုလာတိုက်ရင်း ညူတူတူလေးပြောလာသည်။  တစ်ကယ်ပါ မျက်လုံးထဲမှာ  မြင်မြင်သမျှမိန်းကလေးတိုင်းက  လှပေမဲ့ ကိုယ့်ရင်ထဲမှာတော့ မတိုးတော့ပါ။   သူမကိုစချစ်မိခဲ့တာ လှပမှုတစ်ခုထဲကြောင့်မဟုတ်ဘဲ  သူမရဲ့ဖြစ်တည်မူတိုင်းကို မြတ်နိုးမိနေတာ ဖြစ်သည်။ လင်းရောင် သူမခါးလေးကို ဆွဲဖတ်လိုက်ပြီး သံစဉ်တွေအောက်မှာ နှစ်ယောက်သားမျက်နှာချင်းဆိုင်ရင်း မွေ့ကတော့ ဝိုင်ခွက်ကလေးကိုလှုပ်ရင်းလှုပ်ရင်း တစ်စိမ့်စိမ့် ဇိမ်ခံသောက်နေသည်။ နှုတ်ခမ်းဖူးလေးတွေက ပွင့်အာနေတဲ့ နှင်းဆီနီအလား ရဲရဲလေးနဲ့ချိုမည့်ပုံလေး။ လင်းရောင် ဝိုင်ခွက်ကိုနီးစပ်ရာစားပွဲပေါ်ခဏတင်ထားလိုက်ပြီး လက်နှစ်ဖက်စလုံးကို ခါးသိမ်လေးကိုကိုင်ကာ။

"ကိုယ်တို့ပြန်ကြရအောင်လေ"

မွေ့ လက်ပတ်နာရီကိုကြည့်လိုက်တော့ ကိုးနာရီဘဲရှိသေးသည်။

"စောသေးတာကို"

လင်းရောင် သူမပါးပြင်လေးကိုအုပ်ကိုင်ပြီး နှာဖူးပြင်လေးကို ဖွဖွနမ်းကာ။

"မြို့ထဲရောက်မှထက်သောက်မယ်.....
ဒီလောက်ဆိုကိုယ်တို့ပြန်သင့်ပြီ"

လင်းရောင် စကားကိုနားထောင်လိုက်ပြီး ခေါင်းငြိမ့်ပြတော့ လင်းရောင်က Wilson ကိုပြန်တော့မည်ဖြစ်ကြောင်းသွားပြောပြီး သူမလက်ကလေးကိုဆွဲကာပွဲထဲက စောစောဘဲထွက်လာသည်။

မြို့ထဲလမ်းမပေါ်ရောက်တော့ မွေ့ကခွေခွေလေးအိပ်ပျော်နေသည်။ လင်းရောင်လှည့်ကြည့်ပြီးသူမခေါင်းကိုယူကာ သူ့ပုခုံးပေါ်မှာမေးတင်ထားလိုက်သည်။

တစ်ဖြည်းဖြည်းနဲ့ အေးလာသည့်လေပြေဟာ ‌အိပ်နေတဲ့သူမအတွက် ချမ်းစိမ့်စိမ့်ဖြစ်လာ၏။

လင်းရောင်ကားမှန်တံခါးကိုပါ လုံအောင်ပိတ်လိုက်ပြီး အပြန်လမ်းခရီးမှာ ကိုယ်တစ်ယောက်ထဲသာကားမောင်းရင်း ပွစိစိပြောတက်‌သော လူသားလေးကတော့ အိပ်မောကျနေပြီ...
___________________________________

𝙇𝙊𝙎𝙏  Where stories live. Discover now