𝙇 𝙊 𝙎 𝙏 PART : 19

7.9K 153 9
                                    


LOST

PART : 19



"ဘယ်လိုဖြစ်တာလဲ Dr သမီးအခြေအနေကစိုးရိမ်ရလား။ ဆေးရုံတွေဘာတွေရော်တက်ဖို့လိုအပ်လား......ဆေးချိတ်ဖို့တွေဘာတွေရော်စီစဉ်ပေးရမလား။ အဖျားတွေဘာတွေရော် ရှိနေလား.....အအေးပတ်သွားတာလား။ ဒီအတိုင်းအသက်ရှုကြပ်သွားတာလား.....ဒါမှမဟုတ် သူ သူတစ်ခုခုဖြစ်တာလား တစ်ခြားအကြောင်းကြောင့်လား"

နားကြပ်တပ်ပြီး နှလုံးခှုန်နှုန်းကိုစစ်ဆေးနေတုန်း နဘေးနားမှအဆက်မပျက်စိုးရိမ်စကားတွေပြောကာလိုက်မေးနေသောကြောင့် ‌မိသားစုဆရာဝန်ဖြစ်တဲ့ ဆရာဝင်းအောင်သည် အကဲပိုတယ်ဟူသောမျက်နှာဘေးဖြင့် လင်းရောင်ကိုကြည့်သည်။

လင်းရောင်ဆရာကြည့်လိုက်တော့မှ နောက်ကနေလိုက်ပြောနေသည့် စကားလုံးတွေကိုရပ်လိုက်ပြီး လူကတော့ ထိုင်မရထမရနဲ့ဖြစ်နေတုန်းပင်။

"သခင်လင်းရောင် စိတ်ငြိမ်ဆေးအရင်သောက်လိုက်မလား......ကြည့်ရတာလူနာထက် သခင်ကပိုပြီးဆေးသောက်ဖို့လိုအပ်နေမယ်ထင်တယ်"

"ကျွန်တော်အရမ်းစိုးရိမ်နေလို့ပါ"

မိဘတွေလက်ထက်ကထည်းကဆရာဝန်မို့ သခင်လင်းရောင်ကိုပြောရဲဆိုရဲတဲ့လူတစ်‌ဦးလဲဖြစ်သည်။ လင်းရောင်ဆိုဖာပေါ်မှာငြိမ်ငြိမ်လေးသွားထိုင်နေတော့မှ ဆရာဝန်ဟာ စစ်ဆေးစရာရှိတာစစ်ဆေးရင်း သွေးပေါင်ချိန်ပြီး အပူချိန်တိုင်းလိုက်သည်။

"သခင်လင်းရောင်"

"ဟုတ်ကဲ့ပြောပါ Dr"

"လူနာက ရိုးရိုးဖျားတာပါ......အပူချိန်က ၁၀၁ရှိတယ်။ နောက်ပြီး ကလေးမလေးကအသက်ရှုကြပ်ပြီးမွန်းသွားတာ။ အောက်စီဂျင်ကိုဝအောင်မရှုနိုင်တော့တဲ့အဆုံး သတိလစ်သွားတာဖြစ်ပုံရမယ်......ဒီလိုမျိုးက ရေကူးတဲ့အခါမျိုးတွေမှာလဲ အဖြစ်များတယ်။ ရေမကူးတက်ဘဲ ရေနစ်သလိုပေါ့.......ဒီတော့ သခင်လင်းရောင်ပြောသလိုမျိုး ဆေးချိတ်ဖို့ဘာတွေတော့မလိုအပ်ဘူး။ ဆေးတော့တိုက်ရမယ်....သူမအိပ်ယာကနိုးလာတာနဲ့ အချဉ်ဓာတ်ရတဲ့အချိုရည်ဘဲဖြစ်ဖြစ် သံပုရာရည်ဘဲဖြစ်ဖြစ် အမူးပြေအောင်တိုက်ထားလိုက်ပါ"

𝙇𝙊𝙎𝙏  Where stories live. Discover now