LOST
PART : 15 🔞
ဒီနေ့က နေသာပါတယ်။ ကောင်းကင်မှာလဲ တိမ်တိုက်တွေကတရွေ့ရွေ့သွားလာနေကြသလို လမ်းမထက်မှာလဲ လူပေါင်းစုံသွားလာလှုပ်ရှားနေကြသည်။ အချိန်က နံနက်ခင်းဝေလီဝေလင်း။
ဆံနွယ်တွေကို မြင့်မြင့်လေးစီးထားပြီး ခန္ဓာကိုယ်၌ဝတ်ဆင်ထားသော အနက်ရောင်အားကစား outfitဖြင့် မိမိုက်နေလျက်။ Sellen အခန်းတံခါးကိုသော့ခတ်ပြီး ခြံတံခါးကိုလဲသေချာသော့ခတ်ခါ လမ်းမအတိုင်း လျှောက်လာသည်။
ဒီနေ့က ရုံးပိတ်ရက်မို့ လမ်းမလျှောက်ရတာလဲကြာပြီဖြစ်တာကြောင့် ဟိုဟိုဒီဒီသွားမယ်လို့စိတ်ကူးထားသည်။ ထိုစိတ်ကူးတွေကို ရိုက်ချိုးပစ်တာက လင်းရောင်။
"သမီး"
earphone ကိုဆွဲဖြုတ်လိုက်တော့မှ Sellen မျက်လုံးတွေစူးခနဲဖြစ်သွားသည်။ လူသွားလူလာ လူမြင်ကွင်းကြီးမှာလာပြီး ပိုင်စိုးပိုင်နယ်ပြုလုပ်နေတာ သိပ်ကြည့်မရတော့။
"ဒါဘာလုပ်တာလဲ သခင်။ ဘယ်လိုဖြစ်ပြီးလိုက်နှောင့်ယှက်နေတာလဲ"
"ကိုယ်မင်းနဲ့စကားအေးဆေးပြောချင်တယ်"
"ကျွန်မ မအားသေးဘူး"
"ရတယ် မင်းအားစရာမလိုဘူး။ ဒီအတိုင်းကိုယ်ပြောတာကိုနားထောင်ပေး"
"ကျွန်မဘာကိုမှနားထောင်လိုစိတ်မရှိဘူး။ သခင်.....ကျွန်မနဲ့ကင်းကင်းလေးနေပေးလို့မရဘူးလား"
"မင်းရှောင်လေ ကိုယ်ကပ်ချင်လေဘဲ။ အဲ့ဒီ့အတွက် မင်းစဉ်းစားပေါ့"
ကျန် နားကြပ်တစ်ဖက်ကိုပါ သူမဆွဲဖြုတ်လိုက်ပြီး ခြေလှမ်းတွေလဲရပ်တန့်သွားသည်။ လင်းရောင်မျက်လုံးတွေနဲ့အကြည့်ခြင်းစုံတော့လဲ သူတစ်ကယ်ဘဲတစ်ခုခုကို လေးလေးနက်နက်ပြောပြချင်နေပုံ။
"ကောင်းပြီ အချိန်ခဏဘဲရမယ် This is my day off, so I can give you a little time"
ဘာမှဆက်မပြောဘဲ လင်းရောင် သူမလက်ကလေးကိုဆွဲကာ ကားပေါ်သို့တင်လိုက်သည်။ ဒီလိုဘဲ သခင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် သိပ်အာဏာပြသည်။
![](https://img.wattpad.com/cover/352160090-288-k20490.jpg)
YOU ARE READING
𝙇𝙊𝙎𝙏
Romanceသစ်ရွက်လှုပ်ရင်တောင် ရင်မခုန်တက်တဲ့အရွယ်က မင်းအသံကြားတာနဲ့ ဆောက်တည်ရာမဲ့ကုန်တာ။ Linn Yaung » » » Mwayt Layyee Normal Dark Fic 🔞 Write Date 📝 Wednesday 20/12/2023