𝙇 𝙊 𝙎 𝙏 PART : 1

32.2K 261 14
                                    


LOST

PART : 1



သူမကျောင်းထဲကိုဝင်လာသည်နှင့် ငေးမောပြီးကြည့်နေကြသည့် ယောက်ကျားသားများဟာ ထုနဲ့ဒေးပင်။ လက်ထဲမှာလဲ majorစာအုပ်ကလေးကိုပိုက်ထားပြီး ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ‌အေးအေးဆေးဆေးလေးလှမ်းလျှောက်လာပုံမှာ အင်မတန်လှပသည်။ မိန်းခလေးအများစုကလဲ လည်ပြန်ငေးရလောက်အောင် သူမအလှက ထိုသို့ထင်ပေါ်သည်။

သူမနာမည်ကတော့ မွေ့လေရီ။ တစ်ကျောင်းလုံးမှာအလှဆုံး အတန်းထဲမှာ major queenဖြစ်ပြီး တစ်ကျောင်းလုံးမှာတော့ The Whole Queen ဖြစ်သည်။

သိပ်လှသလောက် သိပ်လဲမာနကြီးသလို သူမမှာ ဘယ်သူမှမသိနိုင်တဲ့ မိသားစုပြသနာတွေ‌ရှိတာကြောင့် သူမစိတ်မာပြီးခက်ထန်နေတဲ့အကြောင်းတရားရဲ့အဖြေကိုတော့ ဘယ်သူမှမသိ။

"ဒီနေ့ ဟိုကောင်မကိုမတွေ့အောင်နေရမယ်။ တွေ့တာနဲ့အန်ချင်လွန်းလို့"

သူမဖွဖွပြောရင်း ကန်သင်းဆီလျှောက်သွားတော့ အနားမရောက်ခင် သူငယ်ချင်းတွေက လှမ်းခေါ်သည်။ ဒါကြောင့် သတိမထားလိုက်ဘဲ သူမမမြင်ချင်မတွေ့ချင်လှသော လူတစ်ယောက်ရဲ့ အနောက်မှာသွားထိုင်မိသွားသည်။

"အိမ့်လေရီ ငါနင့်ကိုလေ ရယ်စရာလေးတစ်ခုပြောပြမယ်သိလား.....တို့ကျောင်းရဲ့ နိုင်ငံခြားပညာသင်ဆုကို ဘယ်သူရသွားတယ် နင်ထင်လဲ"

"အိမ့်ဘယ်သိမလဲ ခေခေရယ်"

"အဟွန်း......ငါတောင်မထင်ထားဘူးဟ့။ နင့်ထက်တောင် ကြွယ်ဝချမ်းသာမူတွေ ပြီးပြည့်စုံနေတဲ့ မွေ့လေရီက အခုတော့ နင်လျှောက်ထားမှန်းသိရဲ့နဲ့ အဲ့နိုင်ငံခြား ပညာသင်ဆုကို သက်သက်ရယူတာ.....သူအတွက်ကတော့ နင်ကိုနိုင်ရရင် ကျေနပ်နေပေမဲ့ ဘေးလူတွေဖြစ်တဲ့ ငါတို့တွေအတွက်ကတော့ ရယ်စရာဘဲဟယ်"

"အွန်း။ ထားလိုက်ပါ.....သူရတော့လဲသူသွားပေါ့။ အိမ့်က ဒီမှာလဲ ဒီအတိုင်းအဆင်ပြေပါတယ် "

"မဟုတ်ဘူးလေ......ငါဆိုလိုတာက နင်ကမှ တစ်ကယ်သွားသင့် သွားထိုက်တဲ့လူလေ.....နင့်မှာက ဟိုမှာသင်ကြားမဲ့ စာတန်းတွေအတွက်လဲ အဆင်သင့်ဖြစ်နေပြီ။ ဒီမှာလဲ အဆင်သင့်ပြင်ဆင်ထားခဲ့ရတာလေ......ငါတို့တစ်ခန်းလုံးမှာလဲ နင်ကအတော်ဆုံး။ နင်က နိုင်ငံခြားပညာသင်ဆုကို အရထိုက်ဆုံးလူဘဲ အိမ့်လေရီ"

𝙇𝙊𝙎𝙏  Where stories live. Discover now