𝙇 𝙊 𝙎 𝙏 PART : 28

4.4K 73 4
                                    

LOST

PART 28






"ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒဿေန္တိ ဘိသနံ.......ယဉှိစေဝါနုယုဉ္ဇန္တော၊ ရတ္ထိန္ဒိဝ မတန္ဒိတော"

"ဗီး"
"ဗီး"

မေတ္တာသုတ်စရွတ်ကထည်းက မြည်လာသည့်ဖုန်းဟာ သူမစက်ပိတ်လိုက်သော်လဲ ထက်ဖန်တလဲ အမြည်မပျက်။ ဘုရားရှိခိုးရတာ တယ်လဲစိတ်အနှောင့်အယှက်ပေးသည့်ဖုန်းပင်။ မွှေ့အမျှဝေပြီးတော့ ထိုဖုန်းကိုမျက်စောင်းလေးထိုးမိသည်။ တစ်ယောက်ထည်းနေသည်မို့ ခါတိုင်းဆိုအလုပ်ကပြန်ရောက်တာနဲ့ ညနေခြောက်နာရီလောက်ဆိုရင် တံခါးတွေအကုန်အလုံပိတ်ပြီး အိမ်ထဲမှာအနားယူတာဖြစ်သည်။ ဒီနေ့ကအိမ်ပြန်နောက်ကျတော့ မွေ့ဘုရားရှိခိုးတာလဲ နောက်ကျသွား၏။

"ဘာတွေများအရေးတကြီး ဒီလောက်ခေါ်နေတာလဲ ဒီဖုန်းက"

အဝင်ကောတွေများစွာဝင်နေပေမဲ့ ဖုန်းစိမ်းမို့ မွေ့ပြန်မခေါ်လိုက်မိပါ။ မွေ့ဖုန်းကဒ်ကအသစ်မို့ သိသူရှားသည်။ မသိရင်လဲမကိုင်။

"တောင်"

ပို့တဲ့လူကဘယ်သူလဲမသိပေမဲ့ ထိုလူကအခုဖုန်းမကိုင်တော့ မက်ဆေ့ပို့လိုက်ခြင်းပင်။

"ဖုန်းကိုင်ပေးပါ"

နောက်ထက်ဝင်လာ‌သည့်ဖုန်းကလဲ ဒီဖုန်းနံပါတ်ပင်။ မွေ့ကိုင်လိုက်ရင် ကောင်းမလား တွေးနေစဉ် ဖုန်းဟာပြန်ကျသွားသည်။ အိပ်ယာပေါ်အသာတက်ပြီး စောင်ကို ရင်ဘက်ထိဆွဲခြုံလိုက်ကာ ဘေးတစ်စောင်းလေးနေပြီး လက်နှစ်ဖက်ကို ခေါင်းအောက်ထိုး၊ မျက်‌လုံး မှေးနေတုန်း ထက်မံဝင်လာသည့်ဖုန်း။

"ဟယ်လို"

ဖုန်းထဲမှ ကြားလိုက်ရသည့် လေသံလေးက တစ်ကယ်ဘဲ ချိုသာလွန်းလှသည်။ လင်းရောင်ရင်တွေတုန်လာရပြီး လက်တွေကပါ ကတုန်ကယင်။ ဒီအတိုင်းဖုန်းပြောချင်ယုံသက်သက် ခေါ်လိုက်ပေမဲ့ သူမအသံလေးအောက်မှာဘဲ ဆက်ပြောရန်စာသားပျောက်ဆုံး......။

"ဘယ်သူလဲမသိဘူး.......ဘာကိစ္စရှိလို့လဲ"

မေးခွန်းတွေများစွာမေးနေတာ မွေ့ဘက်ကသာ။ တစ်ဖက်ကခေါ်ပြီး ဘာမှဖြေသံမကြားရတာမို့ လာကြောင်နေတာလားဟု မျက်စောင်းထိုးရင်း ဖုန်းကိုချလိုက်သည်။ ‌လင်းရောင် နားထောင်ရင်း နားထောင်ရင်း ရင်းနီးဖူးခဲ့သော တစ်ချိန်က အမျိုးသမီးလေး၏လေသံလေးဖြင့် တူတူလာသလို....။

𝙇𝙊𝙎𝙏  Where stories live. Discover now