𝙇 𝙊 𝙎 𝙏 PART : 26

6.1K 85 4
                                    

LOST

PART 26


"ဘယ်လို ကျွန်တော့်ဆီလိုက်လာတာ"

သူ့ရဲ့အကြည့်တွေကို ကြောက်ရွံ့စွာ ကြီးသိမ့်ခေါင်းကိုငုံ့ထားမိသည်။ အိမ်ပြန်ရောက်ရောက်ခြင်း သခင်မလေးကိုစီးမေးနေတာ ဒေါကြီးမောကြီး။ သတိုးသမီးမရှိတဲ့ မင်္ဂလာပွဲဟာလဲ အကျည်းတန်စွာတည်ရှိနေပြီး သတိုးသားကလဲ သူမကို ပိုက်စေ့တိုက်ရှာရန်သာ သွေးဆူနေသည်။ အရာအားလုံး အဆင်သင့်ဖြစ်ကာမှ ဘာသဘောလဲ....။ ဘာကြောင့်မို့ ဒီလိုထွက်သွားရတာလဲ....။

"အကယ်၍ သမီးအိမ်ကိုပြန်လာရင် ကျွန်တော့်ဆီဖုန်းဆက်ပါ၊ ကျွန်တော်သူ့ကိုလိုက်ရှာလိုက်အုံးမယ်"

အိမ်ထဲမှ ပြန်ထွက်သွားတဲ့ သခင့်ကိုကြည့်ပြီး ကြီးသိမ့်လဲ စိတ်မကောင်း။ မင်္ဂလာပွဲလဲ ပျက်သွားရသလို အခုလိုလုပ်ရက်တဲ့ သခင်မလေးကိုလဲ အပြစ်တင်မိသည်။ သူထွက်သွားပြီး မကြာလိုက် အနက်ရောင်ကားတစ်စီးဟာ ခြံအတွင်း ခွင့်ပြုချက်မရဘဲ ဝင်လာတန်းတန်းမတ်မတ်.....။ ကားပေါ်မှ ဆင်းလာသော အမျိုးသမီးနှစ်ဦး။

"မောင်လင်းရောင်ရှိသလား"

"ဘယ်သူတွေလဲမသိဘူးကွယ်"

"မေးတာသာဖြေပါ ပြန်မေးပိုင်ခွင့်မရှိဘူး၊ မောင်လင်းရောင်ရှိသလား"

လေသံက မာကြောနေပြီး တစ်အိမ်လုံးကိုလဲဝေ့ကြည့်ပြီး ပြုံးယောင်သန်းနေသည်။ ‌

"မရှိပါဘူး သခင်မလေးပျောက်နေလို့ လိုက်ရှာနေတယ်"

"သခင်မလေး......ဟုတ်လား.......ပြောရဲတယ်နော် ပါးစပ်က........ဒီမှာ ဒီအိမ်ရဲ့သခင်မလေးက ကျွန်မ သမီး"

"ဘယ်လို! မဟုတ်တာကွယ်"

"ထားပါ......ရှင့်လိုလူကိုပြောပြနေလဲ အပိုတွေဘဲ၊ သွား ကျွန်မ‌တို့နေဖို့ နေရာစီစဉ်ပေးထား"

"ဒါတော့ မဖြစ်ဘူးထင်တယ်၊ သခင်ပြန်လာမှဘဲ"

"အဘွားကြီး၊ ဘာတွေရှည်နေတာလဲ သွားပြင်ဆိုသွားပြင်လေ"

အသက်ငယ်ငယ် ရုပ်ရည်ရှိအမျိုးသမီးတစ်ဦးက ဝင်အော်လိုက်ခြင်းပင်။ ထို့နောက် နွယ်ဝါစိုးတို့သားအမိနှစ်ယောက် စံအိမ်ကြီးထဲကိုဝင်လာပြီး မက်မောဖွယ်သော ပိုင်ဆိုင်မှု ပရိဘောကတွေကို ငေးရင်း ကြည့်မဝဖြစ်နေခဲ့၏။ ဒီလိုစံအိမ်ကြီးမှာသာ တစ်သက်လုံး စံမြန်းရရင်ဖြင့်.......။ ဒေါ်ဝါဝင်း ပြုံးရင်း သမီးဖြစ်သူကိုကြည့်တော့ ဘယ်လိုလဲဟူသော အမေးဖြင့်။

𝙇𝙊𝙎𝙏  Where stories live. Discover now