𝙇 𝙊 𝙎 𝙏 PART : 5

8.8K 172 6
                                    

LOST

PART : 5


မနက်ခင်းတစ်ခုဟာ သီကျူးနေတဲ့ ငှက်များရဲ့ သံစဉ်ဖြင့် လှပနေပေမဲ့ သူမအတွက်တော့မဟုတ်ခဲ့။ စောစောလေးကမှ ငိုနေတုန်း အဘယ်ကြောင့် မိုးဟာချက်ခြင်းများ လင်းသွားသလဲ။

သူမငိုနေတာကိုများ ရပ်တန့်စေရန် အသိပေးခြင်းလား။ ဟင့်အင်း ဒါဟာမဖြစ်နိုင်။

"သမီးကြီး"

သူမရဲ့အခန်းတံခါးကို မခေါက်ဘဲ ခွင့်ပြုချက်မရဘဲဝင်လာသည့် ဦးထင်ကျော်ကို မင်သေသေကြည့်မိ၏။

ဦးထင်ကျော်မျက်ဝန်းတွေက အနည်းငယ်ဝမ်းနည်းရုံမှလွဲလို့ တခြားကြီးကြီးမားမား သိပ်မခံစားထားရသလို။

"မငိုပါနဲ့တော့သမီးကြီး။ သမီးငိုနေမယ်ဆိုရင် သမီးအမေလဲ စိတ်အေးနိုင်မှာမဟုတ်ဘူး"

"သိမ့်ရီကို စိတ်ချမ်းသာစေရင် သမီးမငိုနဲ့တော့။ အောက်မှာသမီးညီမလေးစောင့်နေတယ် သူစကားပြောချင်လို့တဲ့ ခဏဆင်းခဲ့လိုက်ပါ"

ဪ ငွေရှိအသိုင်းအဝိုင်းတွေက ဒီလိုပါဘဲ။ ငွေရှိရင် အရာအားလုံးဖြစ်တယ်။

သမီးချင်းအတူတူတောင် သူက‌ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးကမွေးလာတဲ့ လူဆိုတော့ သူ့ကိုဘဲအရေးပေးမှာပေါ့။

ဪ ငွေ ငွေ။ သိပ်ကိုစကားပြောပါလား။ သက်မဲ့အရာတစ်ခုပေမဲ့ ငွေက လောကမှာ စကားအပြောတက်ဆုံး သက်မဲ့ဘဲ။

"အင်း"

ခေါင်းရဲ့ရဲ့ငြိမ့်ပြလိုက်တော့ ဦးထက်ကျော် အခန်းတံခါးကိုပြန်စေ့ကာ ထွက်သွားသည်။

ကုတင်အနားကို ကျစ်နေအောင်စုတ်ကိုင်ထားရင်း သူမအသွေးအသားတွေဆူပွက်နေချိန်။

"ငွေကအရာရာကို ဆုံးဖြတ်ပေးနိုင်ရိုးသာ အမှန်ဆိုရင် ငါအခုချိန်ကစပြီး နင့်ပိုင်ဆိုင်မှုတွေ အကုန်ရယူပြမယ်"

"ငါခံစားရတာ ဘယ်လိုအရသာလဲ နင်လဲခံစားစေရမယ် မွေ့ လေ ရီ"

ကြောက်စရာကောင်းလှသော လေသံဖြင့် နာမည်နာမကို တစ်လုံးချင်းခေါ်ရင်း ကြိမ်းဝါးမိသော စကားတစ်ခွန်း။

𝙇𝙊𝙎𝙏  Where stories live. Discover now