𝙇 𝙊 𝙎 𝙏 PART : 17

9.8K 129 12
                                    

ဤအခန်းကို warning ပေးပါသည်။ 18+မို့ အသက်ပြည့်မှာဖတ်ပါ🚨🚨

LOST

PART : 17 🔞🔞

"ကိုကိုမျက်နှာလဲမကောင်းပါလား။ ဘယ်လိုဖြစ်တာလဲ။ အလုပ်မှာအဆင်မပြေတာတစ်ခုခုရှိလို့လား ညီ့ကိုပြောလေ"

ထမင်းစားနေရင်း မိုးမင်းမောင်ကိုမေးလိုက်သည်။ ရေတစ်ခွက်ကိုကုန်အောင်မော့သောက်လိုက်ပြီး ခေါင်းခါကာငြင်းလိုက်သည်။

"ဒီလိုဘဲညီ ကိုကို့အသိတစ်ယောက်ကြောင့် နည်းနည်းစိတ်လေနေတာ။ သူရုံးကိုမလာတာ တစ်ပတ်ကျော်သွားပြီလေ"

"ဖျားနေလို့ရော်မဖြစ်နိုင်ဘူးလား"

"သူ့အိမ်ကိုသွားကြည့်ပြီးပြီ။ အိမ်ကသော့ခတ်ထားတယ်။ ဒီတလောလဲ သူ့ကိုဆက်သွယ်မရလို့"

"အမ်း.....ညီ့အထင်ပြောရရင် အဲ့ဒီ့လူက ကိုကို့အတွက်အရေးပါတဲ့လူဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလား"

"အဟွန်း ဆိုပါတော့ကွာ။ ဒါနဲ့ညီ့ကိုမေးပါအုံးမယ်။ ညီအခုတလော လိမ္မာလာတယ်နော်။ အိမ်ပြန်လဲစောတယ်။ ညဘက်တွေအရင်လို club သိပ်မတက်တော့ဘူး။ ဘာလဲ ကိုကိုရောက်လာလို့ အနေရခက်နေတာလား"

"မဟုတ်တာ။ ကိုကိုရောက်လာတာ ညီကပိုလို့တောင်ပျော်တယ်"

"ဒါဆို ညီ ငြိမ်ဆေးမိနေတာလား"

"ဆိုပါတော့ဗျာ။ ကိုကို့ကိုနောက်တော့ပြောပြမယ်။ အခုတော့ ကျွန်တော် ကျောင်းသွားပြီ ကိုကိုရေ"

ဂျာကင်ကိုကောက်စွပ်ကာ လူငယ်ဆိုတော့ သွက်သွက်လတ်လတ်ဘဲ ထွက်သွားသည်။ မိုးမင်းမောင်ကတော့ ညီဖြစ်သူ ညိုမင်းမောင်ကိုကြည့်ကာ ပြုံးစိစိ။ တက္ကသိုလ်ကျောင်းသားဘဝကိုလဲ ပြန်လွမ်းသလို သူမရဲ့အရင်ပုံစံလေးကိုလဲ လွမ်းသည်။ အရင်က ခပ်မာမာနဲ့ ခပ်တင်းတင်းနေတက်သည့် ဒီအမျိုးသမီးလေးက အခုတော့ အဲ့လိုမဟုတ်ပါ။ အနည်းငယ် ပေါင်းရသင်းရတော့ ကောင်းလာတယ်လို့ပြောရမည်။ မွေ့လေရီ အကြောင်းလေးတွေကိုပြန်တွေးရင်း မိုးမင်းမောင် မျက်နှာ ပြုံးလို့ပြုံးနေမှန်းမသိ အကြာကြီးပြုံးနေမိတော့သည်။ အချိန်တွေဘယ်လောက် ကြာသွားပါစေ သူမအပေါ်ထားတဲ့ စစ်မှန်တဲ့ခံစားချက်ကတော့ ဘယ်တော့မှမပြောင်းလဲသလို မွေ့လေရီဟာလဲ ကိုယ့်အပေါ်ထားတဲ့ခံစားချက်ကို ဘယ်တော့မှ အဆင့်တင်ပေးမယ်မထင်ပါ။

𝙇𝙊𝙎𝙏  Where stories live. Discover now