LOST
PART 29
ဒီနေ့က အိမ်မှာတစ်ယောက်ထဲဆိုတော့ ကျူရှင်ကိုစောစောဘဲထွက်လာခဲ့လိုက်သည်။ နေ့လည်သုံးနာရီမို့ နေတော့အတောပူတာအမှန်ပင် ဒါမို့ လက်ထဲမှာလဲ ထီးတစ်ချောင်းနဲ့။ မိုးသောက်ဝါတို့အိမ်ကိုရောက်တော့ ရွှေရင်အေးအေးအေးလေးကိုအရင်လာချပေးသည်။ သူမကိုတိုက်ဖို့ သေချာလုပ်ထားဝာာမို့ အလွန်ပင်စားကောင်းတာပေါ့။
"စားကောင်းလား"
"မဆိုးပါဘူး ရင်ထဲအေးတယ်"
စားကောင်းတယ်ဆိုတာမို့ မိုးသောက်အများကြီးသဘောကျမိ၍ နှစ်ခြိုက်စွာပြုံးလိုက်သည်။ မီးဖိုချောင်ထဲဝင်ပြီး သူ ဟိုအော်ဒီအော် အော်ရင်းစီမံထားလို့ပင်ဖြစ်သည်။ စားသောက်ပြီး စာစသင်တော့ အိမ်ရှေ့မှာကားသံကြားလိုက်ရသည်။ ကြီးကြီးဝါရော် မမနွယ်ရော်က အပြင်မှာမို့ စံအိမ်မှာသူတစ်ယောက်ထဲသာ။ ဒီချိန်ဒီခါ ဘယ်သူမှဧည့်သည်သောင်သည်မလာတက်တာ သူသိ၏။ သူလျစ်လျှူရှုကာ စာဆက်သင်နေတော့ အိမ်ခန်းထဲကို လူတစ်စုဝင်လာသည်။ ထိုသူမှာ ဒီအိမ်ပိုင်ရှင် သခင်လင်းရောင်။
လင်းရောင်ဝင်လာတော့ သူမလေးက မိုးသောက်ကို စာရှင်းပြနေတာ သူ့ကိုပင် လုံးဝ မကြည့်။ သူဝင်လာတာလဲ သိပုံမရ။ အေးအေးလူလူပါဘဲ။
မျက်နှာကို စာအုပ်က ကွယ်ထားတာမို့ သူမမျက်နှာကိုတော့ ကွဲကွဲပြားပြားမမြင်ရသေးပါ။
သူမဝတ်ထားတဲ့ ပါတိတ်အင်္ကျီက လည်ဟိုက်မို့ ဖွံ့ထွားသောရင်အစုံမှာ လျှံထွက်နေတာ လှလှပပ။ ဒီအတိုင်းကို ကုန်းလိုက်ကွလိုက်မဟုတ်၊ တမင်မြင်စေလို၍ ဖော်ပြနေတာမဟုတ်၊ သူမခန္ဓာကိုယ်အချိူးအစားကိုက ဒီလိုဖွံ့ထားနေတော့။
လင်းရောင်တစ်ကိုယ်လုံးကို ခြုံကြည့်ရင်း အသက်ရှုသံတွေမြန်လာရ၏။ သူမကိုတွေ့ချင်ဇောနဲ့ ဒီအတိုင်းဝင်လာတာ သူမကိုမြင်တာနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့။ အဲ့လို သူမရှေ့မှ မှောက်ရက်လဲခြင်း.......။
မွေ့ နဲ့ မလှမ်းမကမ်းမှာရပ်နေသည့် လူကြောင့် စာရှင်းနေရာကနေ အနှောင့်အယှက်ဖြစ်လာတာကြောင့် စာအုပ်ကိုအောက်ချကာ တည့်တည့်လေးစူးစူးစိုက်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/352160090-288-k20490.jpg)
YOU ARE READING
𝙇𝙊𝙎𝙏
Romansaသစ်ရွက်လှုပ်ရင်တောင် ရင်မခုန်တက်တဲ့အရွယ်က မင်းအသံကြားတာနဲ့ ဆောက်တည်ရာမဲ့ကုန်တာ။ Linn Yaung » » » Mwayt Layyee Normal Dark Fic 🔞 Write Date 📝 Wednesday 20/12/2023