𝙇 𝙊 𝙎 𝙏 PART : 3

15.8K 160 3
                                    

LOST

PART: 3 🔞🔞



အခုဆိုလျင် သားငယ်ကအတော်လေးနေကောင်းလာပြီဖြစ်လို့ သူအနည်းငယ်တော့စိတ်သက်သာရာရ၏။ မဟုတ်ရင် ဒီသားလေးကိုဘဲအရိပ်တကြည့်ကြည့်မို့ သူ့မှာအချိန်ရော်လူရော်ပင်ပန်းရသည်။

ခြံထဲမှာပြေးလွှားဆော့နေသော သားငယ်ဟာ လုံးဝကိုပျော်နေပုံ။

အသက်6နှစ်ဆိုတာ သူများတွေအတွက်တော့ကလေးဆိုပေမဲ့ ရှင်းသန့်ရောင်ဆိုသည့်သူ့သားအတွက်တော့မဟုတ်။ အရာရာကိုလူကြီးလိုဘဲတွေးပြီး ဖခင်အပေါ်ကိုလဲအတော်ချစ်ရှာသည်။

"ကျွန်တော့်ကြောင့်အဖေပင်ပန်းရပြီ"

သူ့အနားမှာရှိနေတိုင်း ပါးပြင်ကိုအုပ်ကိုင်ကာ အမြဲဆိုတက်သည့်စကားတစ်ခွန်း......ဘယ်လိုဘဲသားငယ်ဟာရောဂါသည်ဖြစ်နေပါစေ ဒီရောဂါကိုအရှင်းမပျောက်ပျက်နိုင်ရင်တောင် သူနဲ့နေရဖို့ရက်မည်မျှတန့်နိုင်သလဲ။ သူရအောင်ရပ်တန့်ပေးမည်။ သူသားကို ဒီလောက်ထိတောင်ချစ်ရသည်။

"သခင် သခင်လေးကအရမ်းပျော်နေသလိုဘဲနော်။ အပူအပင်ကင်းလိုက်တာ"


"သားငယ်မျက်နှာကအပူအပင်ကင်းပေမယ့် သူ့နှလုံးသားထဲမှာခံစားနေရ‌တာတွေကိုအပြင်ကနေထိုးဖောက်မြင်နေရတယ်"


မွေးကထည်းကပါလာသည့် ရောဂါဟာ ရှင်းသန့်လေးဘဝထဲမှာနတ်ဆိုးတစ်ကောင်လိုခြောက်လှန့်နေသည်။ ဘယ်နေ့သေမလဲမသိသည့် အဖြစ်ဟာလဲ သူ့အတွက်တော့ တွေးပူရတာပင်ပန်းရသည်။ ဖြစ်နိုင်ရင် သားကို သူနဲ့ဝေးရာ ဘယ်ကိုမှမလွှတ်ချင်တော့။

လိုက်ကာကိုပြန်ချလိုက်ပြီး အနားမှာရှိနေသော သူရဘက်ကိုလှည့်ကာ။


"ငါ ရုံးကိုခဏပြန်မှရမယ်....သားကိုမင်းသေချာစောင့်ရှောင့်ထား ခြံပြင်မထွက်စေနဲ့"

"ဟုတ်ကဲ့ပါ သခင်"

"ငါအစည်းအဝေးပြီးတာနဲ့တန်းပြန်လာမှာဖြစ်လို့ သားကိုနေ့လည်စာမကျွေးထားနှင့်နဲ့ ငါနဲ့မှအတူကျွေးလိုက်တော့မယ်"

သခင်က ပြောပြီးသည်နှင့်အပေါ်ထက်မှအိမ်အောက်သို့ဆင်းသွားလေကာ သူရကတော့ သခင်လေးအကြောင်းတွေးရင်းသာကျန်ခဲ့၏။

𝙇𝙊𝙎𝙏  Where stories live. Discover now